အခန်း(၁၅၄) ကျိုးယွမ်ဖုန်း မင်း တကယ်ပဲ ချစ်သူရှိနေတာလား။

6.1K 768 34
                                    

အခန်း(၁၅၄) ကျိုးယွမ်ဖုန်း ၊ မင်း တကယ်ပဲ ချစ်သူရှိနေတာလား။

ဧည့်ခံပွဲမှ ပြန်လာပြီးနောက် ထျန်ရှုံးက ဝမ်နျဲ့နျန်ကို အိမ်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။ ဗီလာ၏အရှေ့သို့ရောက်တဲ့အခါ ထျန်ရှုံးက ကားကိုရပ်လိုက်ပြီး ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်သည်။ ထို့နောက် သက်ပြင်းချရင်း ကားနောက်ကြည့်မှန်သို့ ကြည့်လိုက်တဲ့အခါ အိပ်ပျော်နေတဲ့ ဝမ်နျဲ့နျန်ကို သူတွေ့လိုက်ရသည်။ နဖူးတွင်စိုစွတ်နေဆဲဖြစ်တဲ့ ချွေးစေးတွေကို ကြည့်ပြီး ဝမ်နျဲ့နျန်ရဲ့ ခြေထောက်က အခုထိနာနေသေးတာကို သူသိလိုက်ရသည်။

ထျန်ရှုံးက ကားပေါ်မှဆင်းပြီး အနောက်တံခါးကိုဖွင့်ကာ အထဲ၌ ဝင်ထိုင်လိုက်သည်။ ဝမ်နျဲ့နျန်နဖူးပေါ်ရှိ ချွေးတွေကိုသုတ်ပေးရင်း နှစ်များစွာကြာအောင် သူငေးမျှော်ကြည့်နေခဲ့တဲ့သူက သူ့အရှေ့တွင် တိတ်ဆိတ်စွာအိပ်ပျော်နေတာကိုမြင်တော့ ခနတာမျှ တွေဝေမိန်းမောမိခဲ့သည်။

တွန့်ချိုးနေတဲ့ ဝမ်နျဲ့နျန်ရဲ့ မျက်လွှာကိုပြေလျော့စေဖို့ လက်ကိုမြှောက်လိုက်ပေမယ့် ထျန်ရှုံးရဲ့မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုနဲ့ ဆုံးရှုံးမှုများသာ ပြည့်နှက်နေခဲ့သည်။

" နျဲ့နျန် .... ငါ့ကိုယ်ငါ လောဘကြီးလာတယ်လို့ ခံစားနေမိတယ်။ အဝေးကနေ မင်းကိုကြည့်နေရုံနဲ့ ပျော်ရွှင်ခဲ့ရပေမယ့် အခုတော့ ငါ လောဘကြီးပြီး ငါ့အတွက် တုံ့ပြန်ချက်ကို လိုချင်လာတယ်။ မင်းဘေးမှာ ရပ်နေနိုင်မယ့် တစ်စုံတစ်ယောက် ဖြစ်ချင်တယ်။ မင်းရဲ့ ......"

ထျန်ရှုံးရဲ့အသံက အနည်းငယ်အက်ကွဲနေခဲ့ပြီး အသံက သိပ်ကိုတိုးလျနေကာ မသိလျှင် သူ့ကိုယ်သူ ရေရွတ်ပြောနေသည့်အတိုင်း ဖြစ်နေသည်။

"ငါ ကြောက်တယ် .... တစ်နေ့မှာ ခွေးကောင်ကုယျန်ရှန်းက မင်းကို ပြန်လိုက်မှာကို ငါကြောက်နေတယ်။ မင်းကို ကာကွယ်ဖို့အရည်အချင်း ငါ့မှာမရှိမှာကို ကြောက်နေတယ်။ ငါ ပိုပြီး သန်မာချင်တယ်။ ကုယျန်ရှန်းကို တိုက်ခိုက်နိုင်မယ့် ခွန်အားတွေရှိချင်တယ်။ မင်းအတွက် .... ငါ့အကိုအတွက် ငါ တိုက်ခိုက်ရမယ် ၊ ငါ့မှာ လုပ်စရာရှိနေသေးတယ် ......."

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now