ကုယျန်ရှန်းက သူအခုလိုမျိုး ဆိုးဆိုးရွားရွား လုပ်မိလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ဖြစ်နေသည်။ သို့ပေမယ့် သူ့အတွက်တော့ ဒါက ဝမ်နျဲ့နန်ဘက်က အရင်စတဲ့ သစ္စာဖောက်ဖောက်မှုဆိုပြီး ရှင်းရှင်းလင်းလင်းလက်ခံထားကာ ထိုသစ္စာဖောက်မှုကြောင့်သာ သူဘက်က ဒေါသဖြစ်ပြီး ရန်ဖြစ်ရသည့် အခြေအနေသို့ ရောက်ခဲ့ရသည်ဟု သတ်မှတ်ထားသည်။
နဂိုကတည်းက ဒေါသဖြစ်နေတဲ့ ကုယျန်ရှန်းက ချန်းလုံအန်းကို ဝမ်နျဲ့နန်က ထပ်ပြီးမကောင်းပြောလိုက်တဲ့အခါ သူပိုပြီးစိတ်တိုသွားခဲ့ပြီး စိတ်မထိန်းချုပ်နိုင်ဖြစ်ကာ သူ့ရဲ့လုပ်ရပ်ကလည်း အနည်းငယ်ပြင်းထန်သွားခဲ့သည်။
သို့ပေမယ့် သူ့နားထဲမှာ ဒေါက်တာလင်း ပြောခဲ့တဲ့ စကားလုံးတွေကို ပြန်ပြီးကြားယောင်နေခဲ့ပြီး သူ့လုပ်ရပ်က လွန်သွားခဲ့ပြီလားလို့ တွေးမိနေသည်။
ကုယျန်ရှန်းက သူ့ခေါင်းကို ဟိုဘက်ဒီဘက်ရမ်းလိုက်ပြီး ထိုအတွေးကို ချက်ချင်းဖယ်ထုတ်လိုက်သည်။ ထို့အပြင် အဲ့လိုတွေးနေမိတာက ရယ်စရာတစ်ခုလိုဖြစ်နေပြီး ဝမ်နျဲ့နန်ကို သနားဖို့ ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သတ်မှတ်ခဲ့သည်။
ဝမ်နျဲ့နန်အတွက် စိတ်မကောင်းဖြစ်တယ်ဆိုတာ မလိုအပ်ဘူး။
ဝမ်နျဲ့နန်ရဲ့ မျက်နှာက လူတွေကို လှည့်စားဖို့ သူသုံးနေတဲ့ အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပြီး သူ့ဘေးမှာ ရှိတဲ့ လူတိုင်းက သူ့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာကြောင့် စိတ်ရှုပ်ရသည်။ သူက အဲ့လို သနားစရာကောင်းတဲ့ ပုံစံကို သုံးပြီး တခြားသူရဲ့ ကရုဏာသက်မှုကို အရယူနေတာ။ကုယျန်ရှန်းက သူ့လက်မှာပေကျံနေတဲ့ ဆေးလိပ်ပြာမှုန့်တွေကို ခါထုတ်လိုက်သည်။ သူ့ပုံစံက အေးအေးသာသာရှိနေပေမယ့် သူ့ရဲ့ စိတ်ထဲမှာတော့ သူ့အမေ မနက်ဖြန်ရောက်လာမယ့် အကြောင်းကို တွေးနေသည်။
မနက်ဖြန် သူ့အမေရောက်လာပြီး ဝမ်နျဲ့နန်ကလည်း သတိပြန်ရလာမယ်ဆိုရင် သူက သနားစရာကောင်းအောင် ဟန်ဆောင်ပြတော့မှာ ။
လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ကုယျန်ရှန်းမှားတာတစ်ခုခုရှိတိုင်း ဝမ်နျဲ့နန်က မစ္စလုကို တိတ်တိတ်လေး ပြန်ပြောပြခဲ့ပြီး နောက်တစ်နေ့ရောက်တာနဲ့ ကုယျန်ရှန်းလည်း သူ့အမေဆီကနေ ပြင်းပြင်းထန်ထန် အပြစ်ပေးဆူပူခြင်းကို ခံရတော့သည်။
ESTÁS LEYENDO
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...