အခန်း(၁၅၁) ငါ့လူက ငါ့ကိုဖက်ခွင့်ပြုတယ်။
ကုယျန်ရှန်းက စန္ဒရားခန်းရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားပြီး အံဆွဲကိုဖွင့်လိုက်သည်။ ထိုအံဆွဲထဲမှ လက်စွပ်ဗူးကိုတွေ့လိုက်ရတဲ့အခါ တုန်ရီနေတဲ့လက်ဖြင့် ဗူးကိုယူပြီး အထဲမှ လက်စွပ်ကို ထုတ်လိုက်သည်။
ပြန်ပြင်ထားပေမယ့် ဆက်ရာထင်းနေဆဲဖြစ်တဲ့လက်စွပ်ကိုကြည့်ပြီး ခါးသီးမှုများက သူ့မျက်ဝန်းထဲရောယှက်လာခဲ့သည်။
တစ်မိနစ်စာသာ ရှိတဲ့ အသံဖိုင်က ကုယျန်ရှန်းအပေါ် ပြင်းထန်သော ရိုက်နှက်မှုတစ်ခုပမာ ဖြစ်စေခဲ့သည်။ လက်ထဲ၌ လက်စွပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း ဓားနှင့်ထိုးဆွနေသလို နာကျင်မှုမျိုးကိုလည်း သူ့နှလုံးအိမ်မှတစ်ဆင့် ခံစားနေရသည်။
'လက်စွပ်ကအတုမှန်းသိလိုက်ရတာတောင် ဝမ်နျဲ့နျန်က သူ့ကို မေးခွန်းတစ်ခု မထုတ်ဘဲ တိတ်တိတ်လေးသာ ပြန်ပြင်ထားခဲ့သည်။'
"ဟိုးအစတုန်းက .... မင်း ငါ့ကို ဘယ်လောက်ထိတောင် ချစ်ခဲ့တာလဲ ....." အသံများသည် တုန်ရီနေလျက်။
"လက်စွပ်က အတုမှန်းသိလိုက်ရတာတောင် သည်းခံနေခဲ့တဲ့ မင်းကလေ ....။"
လက်ထပ်လက်စွပ်ကို သုံးနှစ်ကြာအောင် ဝတ်ထားခဲ့ပေမယ့် အဲ့တာက အတုတစ်ခုဖြစ်နေပြီး အစစ်ကိုတော့ တစ်ခြားတစ်ယောက်ရဲ့ လက်မှာ တွေ့ခဲ့ရသည်...။
ကုယျန်ရှန်းက သူ့လက်က လက်ထပ်လက်စွပ်ကိုချွတ်ပြီးနောက် လက်ဖဝါးထဲအတူရှိနေတဲ့ လက်စွပ်နှစ်ကွင်းကို ကြည့်ပြီး ဗူးထဲပြန်ထည့်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
"အရမ်းကိုသိသာနေခဲ့ပေမယ့် မင်း သံသယမဖြစ်ခဲ့ဘူး။ မင်း ငါ့ကို ဘယ်လောက်ထိတောင် ယုံကြည်ခဲ့တာလဲ ....။"
သို့ပေမယ့် ထိုအချိန်က ကုယျန်ရှန်းလက်မှာဝတ်ထားတဲ့ 'ထာဝရ'လက်စွပ်အစစ်ကို ဝမ်နျဲ့နျန်တစ်ခါမှ နီးနီးကပ်ကပ်မမြင်ခဲ့ဖူးတာကြောင့် သူ့လက်စွပ်ကအတုဖြစ်နေတာကို မသိခဲ့ခြင်းပင်။ နောက်ပြီး သူချစ်ရတဲ့သူက သူ့ကိုလက်စွပ်အတုပေးလိမ့်မယ်လို့လည်း သံသယမထားခဲ့တာကြောင့် ဖြစ်သည်။
ŞİMDİ OKUDUĞUN
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomantizmI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...