အခန်း(၇၅)ရွံ့တွေပေသွားတော့ ဘယ်လိုခံစားရလဲ။

12.2K 1.5K 34
                                    

"မဒမ်က ဘယ်ပန်းကို အကြိုက်ဆုံးလဲ။ မဒမ် အကြိုက်ဆုံးပန်းကို စိုက်ရအောင်"

ဝမ်းနျဲ့နျန်၏ ငေးငိုင်သွားသော မျက်နှာအမူအရာကိုမြင်လိုက်တော့ ဦးလေးရှီက ချက်ချင်းပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ကျွန်တော်က ပန်းတွေကို သဘောကျတာလား၊ "

နေမင်းကြီးဆီမော့ကြည့်ရင်း ပန်းလေးတွေကို ကြိုက်ရဲ့လားလို့ မေးကြည့်တော့ နူးညံ့သော လေသံလေးက ပန်းလေးတွေကို ယိမ်းနွဲ့စေဖို့ ဝေ့ဝဲကာ ဖြစ်ပေါ်လာသည်။

"ကျွန်တော်က နေကြာပန်းကို အရမ်းကြိုက်တယ်။ တစ်ခါတစ်လေလည်း သူ့ကို မနာလိုဖြစ်မိတယ်။ "

လေညင်းလေးမဟုတ်သည့် ဝမ်နျဲ့နျန်၏နှုတ်မှထွက်သော ထိုနူးညံ့သောအသံက တိုးညှင်းသည်။

"ကျွန်တော်လည်း နေမင်းကြီးနောက်ကို လိုက်ပြီး နောက်ထပ်တစ်ကြိမ် ပြန်ပြီး ဖူးပွင့်လာအုံးမယ်။ အစကနေ အဆုံးထိ ကျွန်တော်က နေမင်းကြီးနောက်ကိုပဲ တမ်းတမ်းစွဲလိုက်နေခဲ့တာလေ "

ထိုစကားကိုကြားတော့ ဦးလေးရှီရော လသာဆောင်တွင်ရပ်ကြည့်နေသော ကုယျန်ရှန်းပါ မှင်သက်သွားသည်။

ရှုပ်ထွေးလှသောအမူအရာများဖြင့် ကုယျန်ရှန်းလည်း နေမင်းကြီးဆီကို မော့ကြည့်လိုက်မိသည်။

'နေမင်းကြီးနောက်ကိုလိုက်ပြီး တောက်ပစွာဖူးပွင့်မယ် .. နေရောင်ကိုပဲ ရူးမိုက်စွာတမ်းတနေမယ် ... '

'သူ့ကိုယ်သူ ပြောနေတာလား။'

"မဒမ် ကျွန်တော်က ပန်းတွေနဲ့ အပင်တွေအကြောင်းကိုသိပ်မသိလို့ နည်းနည်းလောက်ပြောပြပါလား"

ဦးလေးရှီက ဝမ်နျဲ့နျန်ပြောသည့်စကားကိုနားမလည်ပဲ ပြန်မေးလိုက်သည်။ ထိုအခါ ဝမ်နျဲ့နျန်က ခေါင်းကိုညိမ့်ပြပြီး သူ့အမေသင်ထားပေးသည့်အတိုင်း ရွက်စိမ်းပင်လေးတွေစိုက်ခြင်း၏အကျိုးနဲ့ စိုက်ပုံစိုက်နည်းတွေကို ဂရုတစိုက်သင်ပေးလေသည်။

ကုယျန်ရှန်းက အောက်ထပ်က အပင်လေးတွေကိုကြည့်ပြီး လင်းလက်တောက်ပနေသောမျက်ဝန်းလေးတွေနဲ့ ပန်းပင်တွေအကြောင်းကို ရှင်းပြနေသော ဝမ်နျဲ့နျန်ကို ကြည့်ရင်း သူလည်း မျက်လွှာချပြီး တစ်စုံတစ်ရာသော အကြောင်းတွေကို တွေးနေသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now