အခန်း(၇၄)နျဲ့နျန်ရဲ့ လစ်လျူရှူမှုကိုခံနေရတာလား။

13.3K 1.6K 36
                                    

"အဲ့ဒါက ဘာအမူအရာဖြစ်သွားတာလဲ။ ငါ့ကိုမမြင်ချင်လို့လား။ ဘာလို့ အဲ့လောက်တောင် စိတ်ပျက်တဲ့ ပုံစံကြီးဖြစ်သွားရတာလဲ။"

ကျိုးယွမ်ဖုန်းက ကွန်ပျူတာအိတ်ကို လက်တစ်ဖက်က ဆွဲပြီး အိမ်ထဲသို့ဝင်လာပြီးနောက် တစ်ခြားလက်တစ်ဖက်တွင် ကိုင်ထားသော ဖိုင်စာအုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီး ကုယျန်ရှန်းဘက်လှည့်ကာ မေးလိုက်သည်။

"မဖြစ်ပါဘူး"

စိတ်မရှည်လှသောအသံသည် အချိန်တော်တော်ကြာမှ ထွက်ပေါ်လာသည်။

"ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား ကုယျန်ရှန်း။ မင်းမျက်လုံးထဲက အလှိုင်လှိုင်ထွက်နေတဲ့ စိတ်ပျက်တဲ့အမူအရာကို ငါကမမြင်ဘူးပေါ့ ဟုတ်လား။ ဘယ်သူကို တွေးနေတာလဲ "

"ဘယ်သူ့ကိုမှ မတွေးဘူး။"

ထိုအဖြေကိုကြားတော့ ကျိုးယွမ်ဖုန်းက မသင်္ကာသောအကြည့်များဖြင့် ထပ်ကြည့်ပြန်သည်။ ထို့နောက် ဖြတ်ကနဲဝင်လာသည့် အတွေးတစ်စကို အမိအရဖမ်းဆုပ်ပြီး ဦးလေးရှီဘက်လှည့်ကာ မေးလိုက်သည်။

"ဦးလေးရှီ အိမ်မှာ နျဲ့နျန်ရှိလား။"

ထိုအခါ ကုယျန်ရှန်း၏ အေးစက်လှသောမျက်ဝန်းတွေက ပြာယာခတ်သောအမူအရာများဖြင့် ပြည့်နှက်သွားကာ တစ်ဖက်သို့လွှဲထားသော မျက်နှာသည်လည်း ကျိုးယွမ်ဖုန်းဘက်သို့ ချက်ချင်းပြန်လှည့်လာပြီး စူးနင့်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"မဒမ် အိမ်မှာ မရှိဘူး။ နေ့လည်တည်းက အပြင်ထွက်သွားတာ ပြန်မလာသေးဘူး။"

အဓိပ္ပါယ်များဖြင့် ပြည့်နှက်ကာနေသော အပြုံးတစ်ချို့နှင့်မျက်ဝန်းတွေကို ကျိုးယွမ်ဖုန်းဆီမှ ထပ်ရပြန်သည်။

'ကြည့်ရတာ တစ်ဖက်လူက တစ်စုံတစ်ယောက်ကို ဖွက်ထားချင်တယ်နဲ့ တူတယ်'

"အန်တီ ဘယ်မှာလဲ"

"အပေါ်ထပ်က စာကြည့်ခန်းမှာ စောင့်နေတယ်"

"ဟုတ်လား။ ဒါဆို ငါအပေါ်တက်တော့မယ် အန်တီ့ကို ပြရမယ့် ဖိုင်တွေလည်းရှိတယ်"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now