အခန်း(၁၆) ငါ့ကို မရှက်ပါနဲ့

11.2K 1.6K 42
                                    

"ဝမ်နျဲ့နန် မင်းက တကယ်ကိုပဲနော်။ မြေခွေးလို မာယာတွေနဲ့ ယောက်ျားတွေကို ဆွဲဆောင်တဲ့နေရာမှာ အရမ်းကိုတော်တယ် "

ဘယ်လိုစိတ်မျိုးနဲ့ ပြောနေမှန်းမသိပေမယ့် ခံရသည့်ကာယကံရှင်မဟုတ်သည့် ထျန်ရှုံးက ကုယျန်ရှန်းကို ဒေါသထွက်မိသွားသည်။

"ငါပြောခဲ့တာ ။ အပြင်ထွက်ဖို့ ငါကတောင်းဆိုခဲ့တာ။ "

ဒီထက်ပိုပြီး နှုတ်ဆိတ်နေဖို့ မတတ်နိုင်တော့သည်မို့ တစ်ဖက်ကို နာကျည်းစွာမျက်နှာလွဲထားသော ဝမ်နျဲ့နန်ကိုသာ အသာလှမ်းကြည့်ပြီး စိတ်အလိုကျ ပြောလိုက်မိသည်။

"အဲ့တော့ ဘာဖြစ်လဲ။ မင်းပြောတော့ ကွာရှင်းမှာဆို သူ့ဘာသာသူ ဘယ်သူနဲ့တွေ့တွေ့ပေါ့ ဘာလို့ ဂရုစိုက်နေတာလဲ ။ "

"သခင်လေး ထျန် ခင်များက သိပ်ကို ယုံကြည်ချက်တွေရှိနေတာလား။ သေချာတွေးကြည့်ပါဦး ငါက ကွာရှင်းချင်နေရင်တောင် သူက ခွေးတစ်ကောင်လို အတင်းဖက်တွယ်ပြီး ကန်ထုတ်လို့မရဖြစ်နေတာလေ ။ "

လက်သီးကိုတင်းတင်းဆုပ်ထားပြီး အေးစက်မှုမှန်သမျှကို ရှောင်ဖယ်ချင်လို့ တစ်ဖက်သို့ လွှဲထားမိတဲ့ မျက်နှာက ကုယျန်ရှန်း၏ စကားလုံးတွေကြောင့် တုန်လှုပ်မှုများစွာဖြင့် ပြန်လှည့်ကြည့်လာသည်။

"ဒီကနေ သွားလိုက်တော့ ။ ငါ့ကို အရှက်ခွဲနေတာလား ။ "

နီရဲနေသော မျက်လုံးများဖြင့် ကုယျန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်မိသည်။ သည်းမခံနိုင်သည့်အဆုံး ခံပြင်းမှုတွေနဲ့ ပေါက်ကွဲထွက်လာမိသည့်တိုင် ဝမ်နျဲ့နန်၏ စကားလုံးတို့က အဖျားနားတွင်တုန်ခါလို့နေသည်။ ဒီနေရာကနေ အငွေ့ပျံပြီး ချက်ချင်းပျောက်ကွယ်သွားလိုက်ချင်ပေမယ့် တုန်ရီနေတဲ့ ခန္ဓာကိုယ်ကြောင့် ရွှေ့လျားဖို့ကာ ခက်ခဲလွန်းနေသည်။ သူ့အရှေ့က အေးစက်သည့် ကျောပြင်ကြီးက အရင်အတိုင်း သူ့ကို ပြန်လှည့်မကြည့်စတမ်း စွန်ခွါသွားပြီး အစွန့်ပစ်ခံရလိုက်ရသလို နာကျင်မှုတွေနဲ့ လေးလံနေသည့် အချစ်တွေကြောင့် ငြိမ်သက်စွာရပ်နေမိခဲ့သည်။

အချိန်အကြာကြီး ဘာစကားတစ်လုံးမှ ထပ်မပြောပဲ စိတ်ဝိဉာဉ်လွှင့်ထွက်သွားသလို ဖြစ်နေသည့် ဝမ်နျဲ့နန်ကို ကြည့်ပြီး ထျန်ရှုံးအံ့ဩနေမိသည်။ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ နူးညံ့ပြီး ကြင်နာတတ်တဲ့ ယောက်ျားတစ်ယောက်က ကုယျန်ရှန်းရှေ့ရောက်တိုင်း ကြောက်ရွှံမှုတွေကြားက ရုန်းမထွက်နိုင်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora