အခန်း(၅၆) ငါ မင်းကိုကယ်မယ်

12.2K 1.6K 86
                                    

ကျိုးယွမ်ဖုန်းက အပြင်ကိုတစ်ခါပြန်ထွက်သွားပြီး ခနနေကျတော့ သူက လက်ထဲမှာ ဆေးသေတ္တာကြီး ဆွဲပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

"ရော့ သေချာပတ်တီးစည်းပေးလိုက်။ ဒဏ်ရာက နက်တော့ မြန်မြန်လုပ်ဖို့လိုမယ် မဟုတ်ရင် အမာရွတ်ကျန်နေလိမ့်မယ် "

ကျိုးယွမ်ဖုန်းက ဆေးသေတ္တာကို ကုယျန်ရှန်းလက်ထဲထည့်ပေးပြီး သက်ပြင်းရှည်ရှည်တစ်ချက်ချကာ ခေါင်းတစ်ခါခါနဲ့ပဲ မတ်တပ်ပြန်ရပ်ရင်း အခန်းထဲမှ ထွက်သွားဖို့ ပြင်လိုက်သည်။

"နေဦး ဘာလို့ ငါက ပတ်တီးစည်းပေးရမှာလဲ။ ဘာလို့ မင်းမလုပ်ပေးတာလဲ ။ အန်တီလန်လည်း စည်းပေးလို့ရတာပဲ မဟုတ်ဘူးလား နောက် .. "

"ဒီမှာ ဥက္ကဌ ကု ခင်မျ ၊ မင်းရဲ့ ယောက်ျားကို မင်းကိုယ်တိုင် ပတ်တီးလေးစည်းပေးလိုက်ရင် အမောဆို့သွားမှာမို့လို့လား။
နောက်ပြီးတော့ ဒီလိုဖြစ်အောင် လုပ်တဲ့သူကလည်း မင်းပဲနော် ။
ဘာလို့ သူများတွေကိုလိုက်ပြီး မေးနေတာလဲ။"

ကျိုးယွမ်ဖုန်းရဲ့ တည်တည်တင်းတင်းနဲ့ ပြန်လည်ဖြေကြားလာသည့် စကားတို့ကိုနားထောင်ပြီး ကုယျန်ရှန်းရဲ့ မျက်နှာက ပိုလို့မှုန်ကုပ်သွားကာ ဆေးသေတ္တာကို ဆက်ကနဲဆွဲယူလိုက်သည်။

"ငါ အခု အောက်ထပ်ဆင်းတော့မယ်။ တစ်ခုခုဖြစ်ရင် လှမ်းခေါ်လိုက် "

ထိုသို့ပြောပြီးသည်နှင့် ကျိုးယွမ်ဖုန်းက အခန်းထဲမှထွက်သွားပြီး သူ့ကျောနောက်က အခန်းတံခါးကိုပါ ပိတ်သွားပေးခဲ့သည်။

အခု အခန်းထဲမှာ ကုယျန်ရှန်းနဲ့ ဝမ်နျဲ့နန်တို့ နှစ်ယောက်ပဲ ကျန်နေခဲ့ပြီး ကုယျန်ရှန်းက ဆေးသေတ္တာကိုဆွဲလျက် ကုတင်အနားသို့ လျှောက်သွားပြီး အိပ်ရာပေါ်မှာ မေ့နေဆဲဖြစ်တဲ့ ဝမ်နျဲ့နန်ကို ကြည့်လိုက်သည်။

ဒဏ်ရာက မှေးမှိတ်နေတဲ့မျက်လုံးအပေါ်ဘက်က မျက်ခုံးမှာ ရှိနေပြီး ထိုနေရာမှစီးကျလာသည့် သွေးတွေက အခုတော့ ခဲပြီး ခြောက်တောင် ခြောက်နေသည်။

ကုယျန်ရှန်းက ကုတင်ဘေးနားကနေရာလွတ်လေးမှာဝင်ထိုင်လိုက်ပြီး ဆေးသေတ္တာထဲက ဂွမ်းစကိုထုတ်ကာ ပိုးသတ်ဆေးအနည်းငယ်နဲ့ ဝမ်နျဲ့နန် မျက်ခုံး ဒဏ်ရာကို ဦးစွာသန့်ရှင်းရေးလုပ်ပေးလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now