အခန်း(၁၅၃) မင်းက ကုယျန်ရှန်းရဲ့ သားလား။

6.5K 832 25
                                    

အခန်း(၁၅၃) မင်းက ကုယျန်ရှန်းရဲ့ သားလား။

"မင်းရဲ့ လူတွေကရော။ သူတို့အတင်းအဖျင်းပြောရင် ဘယ်လိုလုပ်မလဲ။"

ဝမ်နျဲ့နျန်ကိုပွေ့ဖက်ထားတဲ့ ထျန်ရှုံးရဲ့ လက်တွေကိုကြည့်နေရင်း အေးစက်ခက်ထန်လာတဲ့ အရိပ်အယောင်တို့က ကုယျန်ရှန်းရဲ့ အကြည့်တွေထဲရောနှောလာခဲ့သည်။

"ဘာလို့များ အဲ့လိုမေးရဲရတာလဲ။ " ထျန်ရှုံးက ပြုံးလိုက်ပြီး သူ့အရှေ့တွင်ရပ်နေသည့် ကုယျန်ရှန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ငါအခု နျဲ့နျန်ကို လိုက်နေတယ်ဆိုတာတော့ မစ္စတာကို သိစေချင်တယ်။ ပြီးတော့ နျဲ့နျန်ကိုယ်တိုင်က ငါ့ကို ပိုးပန်းခွင့်ပေးထားတယ်။ "

"ထျန်ရှုံး ? မင်း ဘာတွေ ပြောနေတာလဲ။" ထျန်ရှုံးရဲ့ စကားကြောင့် ဝမ်နျဲ့နျန် မှင်သက်သွားခဲ့ပြီး တအံ့တဩနှင့် ပြန်မေးလိုက်သည်။ ကျောနောက်ဘက်တွင် ရှိနေတဲ့ ထျန်ရှုံးရဲ့လက်က ဝမ်နျဲ့နျန်ရဲ့လက်ကိုဆုပ်ကိုင်ပြီး လှုပ်ရမ်းလိုက်သည်။ ထို့နောက် သူ့ခေါင်းကိုပါ ဝမ်နျဲ့နျန်မျက်နှာအနားတိုးကပ်လိုက်ပြီး ပြုံးပြလိုက်သည်။ ထိုအခြေအနေကြောင့် ဝမ်နျဲ့နျန်ခနမျှမှင်တေသွားပြီး ဘာစကားမှမပြောဖြစ်တော့။

ကုယျန်ရှန်းက မျက်မှောင်ကြုပ်ကာ သူ့အရှေ့တွင်ရှိနေတဲ့ လူနှစ်ယောက်ကို စိုက်ကြည့်နေပြီး မျက်နှာက မဲမှောင်နေကာ မျက်ဝန်းထဲ၌လည်း ဒေါသများအပြည့်ဖြစ်နေသည်။

"သူ့ကို လွှတ်ပေးလိုက် "

"ဥက္ကဌကု .... ဝမ်နျဲ့နျန်ရဲ့ခြေထောက်က အခုထိ နာနေတုန်းပဲလေ ။ သူ့ကို လဲကျသွားစေချင်တာလား။"

ကုယျန်ရှန်က ချွေးတွေရွှဲနေတဲ့ ဝမ်နျဲ့နျန်ရဲ့နဖူးပြင်ကို ခနမျှစိုက်ကြည့်နေခဲ့ပြီး ထျန်ရှုံးက သူ့အရှေ့က လူကိုလစ်လျူရှုကာ ဝမ်နျဲ့နျန်ကို တွဲခေါ်ပြီး ထွက်သွားခဲ့သည်။ အနောက်တွင်တော့ ကုယျန်ရှန်းတစ်ယောက်တည်း မလှုပ်မယှက်နှင့် ကျန်နေခဲ့သည်။

ထျန်ရှုံးက ဝမ်နျဲ့နျန်ကိုတွဲခေါ်ပြီး ဆိုဖာရှိရာသို့ သွားကာ ထိုင်စေလိုက်သည်။ ထို့နောက်က သူက ဝမ်နျဲ့နျန်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခြေထောက်ကို ဖြည်းဖြည်းသာသာ ပွတ်ပေးနေခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now