အခန်း(၁၁၄) ချန်းလုံအန်းက သူ့ကိုယ်သူ WE'လို့ပြောလာတယ်။

12.8K 2K 276
                                    

ချန်းလုံအန်းက သူ့ကိုယ်သူ WE' လို့ ပြောလာတယ်


"ကောင်းပါပြီ။"

"သား . လက်ခံတယ်လား။ လက်ခံလိုက်တယ်လား။"

"နျဲ့နျန် မင်း လက်ခံတယ်။ အရမ်းကောင်းတာပဲ"

သူ့ဆီမှ ခေါင်းညိတ်ကာ ကတိပေးလိုက်သံကိုကြားတဲ့အခါ ထျန်ရှုန်းနဲ့ ဝမ်အဖေက ပျော်လွန်းလို့ ထိန်းမရအောင်ပြုံးရယ်နေပြီး သူတို့ကိုကြည့်ပြီး ဝမ်နျဲ့နျန်သည်လည်း ပြုံးရယ်နေခဲ့သည်။

"လုပ် အဖေ့အတွက် သီချင်းတစ်ပုဒ်လောက်တီးပေး။ အဖေ့သား တီးတဲ့စန္ဒရားသံကို မကြားရတာ တော်တော်ကြာနေပြီ။"

ဝမ်နျဲ့နျန်က ဆိုဖာမှထပြီး စန္ဒရားရှိရာသို့သွားကာ ခုံတွင်ထိုင်လိုက်သည်။ အနောက်တွင် သူ့အားပြုံးကာကြည့်နေသော ဝမ်အဖေကိုပြန်လှည့်ကြည့်ပြီး လက်ချောင်းသွယ်သွယ်လေးများဖြင့် အဖြူအမဲကီးလေးတွေပေါ်သို့ ဖြေးညှင်းစွာ ဖိနှိပ်လိုက်သည်။ ထိုအခါ လှပကာ ချိုမြပါသော စန္ဒရားသံစဉ်က တိုးညှင်းစွာထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အသံသည်လည်း ပီပြင်ပြတ်သားလာခဲ့သည်။

ဝမ်အဖေက စန္ဒရားတီးတဲ့အခါ အရင်ကအတိုင်းမပြောင်းလဲသွားတတ်တဲ့ ဝမ်နျဲ့နျန်ရဲ့ အလေးထားကာ သံစဉ်တွေထဲနစ်မြောနေတတ်တဲ့ပုံစံကို နူးညံ့သောအပြုံးတစ်ပွင့်ဖြင့် ငေးကြည့်နေခဲ့သည်။ ဂုဏ်ယူမှုတွေက သူ့မျက်ဝန်းထဲပြည့်နှက်နေပြီး အရာရာကို အသစ်ကနေပြန်စဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

"ချင်းချင်း. ငါတို့ရဲ့သားက မင်းဆီက အနုပညာအမွေတွေကို တကယ်ကိုဆက်ခံထားတာပဲ။ သူ မင်းကိုစိတ်ပျက်စေမှာမဟုတ်ဘူး။ "

ဝမ်အဖေရဲ့မျက်လုံးထဲမှာတော့ ဝမ်နျဲ့နျန်ရဲ့အမေ ယျဲ့ချင်းကို ပြန်မြင်နေရသလိုပင်။ နက်မှောင်ကာ ပျော့ပျောင်းနေပြီး မီးရောင်အောက်ဆို သိပ်ကိုတောက်ပလွန်းနေတဲ့ ခါးလယ်လောက်ရှိသည့် ဆံပင်ရှည်လေးနဲ့သူ့ကို ၊ အဖြူရောင်ဂါဝန်လေးဝတ်ပြီး စန္ဒရားတီးနေခဲ့တဲ့ သူ့ကို .... ။

"နာကျင်မှုတွေထဲကနေ သူနောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ အနာဂတ်မှာ သူက သီချင်းလောကကြီးကို လှုပ်ခတ်သွားစေမယ့် လှိုင်းလုံးကြီးတစ်ခုအဖြစ် တည်ရှိလာတော့မှာ...။"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now