အခန်း(၁၃၅) မင်း အရင်ယောက်ျားရဲ့ ချစ်သူအသစ်

10.7K 1.3K 96
                                    

အခန်း(၁၃၅) မင်း အရင်ယောက်ျားရဲ့ ချစ်သူအသစ်

"ကျွန်တော်တို့ M မြို့တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စန္ဒရားပြိုင်ပွဲကြီးထံ တစ်ဖန်ရောက်ရှိလာပါပြီ။ ဒီနှစ်ပြိုင်ပွဲကို နှစ်ဝက်စောပြီး ကျင်းပခဲ့တာပါ။ ဘယ်သူကများ ချန်ပီယံဆုကို ရရှိမလဲ။ အရည်အချင်းရှိတဲ့ စန္ဒရားပညာရှင်အဖြစ် မွေးဖွားလာတဲ့ ယှဉ်ပြိုင်သူတွေကို တွေ့မြင်ရအုံးမှာလား။ ..."

ကုယျန်ရှန်းက လှေကားပေါ်တွင်ရှိနေပြီး အန်တီလန်ဖွင့်ထားတဲ့ တီဗီမှလာနေသည့် သတင်းကို ရပ်ကြည့်နေသည်။ ကော်ဖီခွက်ကိုကိုင်ထားတဲ့ သူ့ရဲ့လက်တွေသည်လည်း တင်းကြပ်လို့၊

'နောက်ထပ် စန္ဒရားပြိုင်ပွဲတစ်ခု ....'

နောက်ဆုံးသောစန္ဒရားပြိုင်ပွဲကျင်းပခဲ့တဲ့ အချိန်ကို ကုယျန်ရှန်း မှတ်မိနေသေးသည်။ ထိုအချိန်က သူနဲ့ ဝမ်နျဲ့နျန်တို့ သွေးအေးတိုက်ပွဲဖြစ်နေချိန်ဖြစ်ပြီး ပြိုင်ပွဲရလဒ်ကြေညာတဲ့အချိန်က ဝမ်နျဲ့နျန် ပျောက်သွားခဲ့တဲ့ အချိန်ဖြစ်သည်။.....

ဝမ်နျဲ့နျန် ပြန်ရောက်လာတဲ့အချိန်မှာ ..... သူတို့ရဲ့ အိမ်ထောင်ရေးကလည်း ပြီးဆုံးသွားခဲ့သည်။

"သခင်လေး ... ဘယ်လိုဖြစ်လို့ နိုးလာတာလဲ။ အန်တီလန် အနှောင့်အယှက်ပေးမိသွားတာလား။"

အန်တီလန်က ထိုင်ရာမှထပြီး ရေတစ်ခွက်ငှဲ့ထည့်လိုက်သည်။ ပြီးနောက် အတစ်ဖက်သို့လှည့်လိုက်တဲ့အခါ အနောက်တွင်ရောက်နေသည့် ကုယျန်ရှန်းကို တွေ့လိုက်ရသည်။

ကုယျန်ရှန်းက ရေရာတဲ့ခံစားချက်တွေမပါဘဲ စိတ်နဲ့ကိုယ်နဲ့မကပ်နေတဲ့သူလို လှေကားမှဆင်းလာပြန်ပြီး တီဗီတွင်လာနေသည့် စန္ဒရားပြိုင်ပွဲအကြောင်းကို စိုက်ကြည့်ကာ ပြောလာသည်။

"ကျွန်တော် ကုမ္ပဏီကိစ္စတွေလုပ်စရာရှိသေးလို့ အောက်ဆင်းပြီး ကော်ဖီတစ်ခွက်လာယူတာ"

"ဒါဆို သခင်လေးအတွက် အန်တီလန် ကော်ဖီလုပ်ပေးမယ်လေ"

ပြောပြီးသည်နှင့် အန်တီလန်က တစ်ဖက်သို့ ခပ်မြန်မြန်လှည့်ပြီး ကော်ဖီထည့်ပေးရန်အတွက် ကုယျန်ရှန်းလက်ထဲမှ ကော်ဖီခွက်ကို ယူဖို့ ပြင်လိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now