အခန်း(၅၉) မင်းငါ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား

11.5K 1.5K 47
                                    

"ကာကွယ်ဖို့ "

ကျိုးယွမ်ဖုန်းက ခနဲ့သလိုလေသံနဲ့ပြောလိုက်ပြီး သူ့ရဲ့ကွန်ပျူတာကို ယူကာ ပေ့ချ်တစ်ခုထဲဝင်လိုက်သည်။ ထို့နောက် ထျန်လွမ်ရွှန်းဘက်လှည့်ပြပြီး အေးစက်ကာ တပြေးတည်းသွားနေသော လေသံဖြင့် ထပ်ပြောလိုက်သည်။

"ဒီပုံက မနေ့က လိုင်းပေါ်မှာ ပြန့်သွားတဲ့ပုံတွေ၊ ဒါကို ကြည့်ပြီးတာတောင် မင်းညီက တစ်စုံတစ်ယောက်ကို နာကျင်မှုတွေဖြစ်နေစေတယ်ဆိုတာ မင်းမသိသေးဘူးလား။ သူပိုပြီးနီးကပ်လာလေ နျဲ့နန်ကို ပိုပြီးနာကျင်စေလေပဲ"

ထျန်လွမ်ရွှန်းက ကျိုးယွမ်ဖုန်းကွန်ပျူတာထဲက ပုံတွေကို ကြည့်လိုက်သည်။ ပုံထဲမှာ ထျန်ရှုံးက တောက်ပစွာပြုံးနေပြီး ဝမ်နျဲ့နန်ကိုကြည့်နေတဲ့ သူ့ရဲ့အကြည်တွေထဲမှာလည်း အချစ်တွေက ပြည့်လျှံနေသည်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရသည်မှာ အရမ်းကို ပျော်ရွှင်နေကြပုံပေါ်နေပြီး အထူးသဖြင့် ဝမ်နျဲ့နန်ရဲ့ ပုံစံက ဧည့်ခန်းပွဲမှာတွေ့ခဲ့တုန်းကလိုမဟုတ်ပဲ လုံးဝကို ခြားနားနေသည်။

ထိုပုံတွေကို ကြည့်ပြီး သူ့ညီထျန်ရှုံးက နှလုံးသားကနေ နက်နက်ရှိုင်းရှိုင်းပြုံးနေမှန်း သူ့ကို သိသာစေပြီး ထျန်လွမ်ရွှန်းက ကွန်ပျူတာကနေ အကြည့်ပြန်လွှဲကာ ပြောလိုက်သည်။

"ထျန်ရှုံးက မစ္စတာဝမ်ရဲ့ အနားမှာ ရှိချင်နေရုံသက်သက်ပါပဲ။ သူ့ကို ဒီလိုမျိုး အခက်မခဲဖြစ်စေဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာလည်း မဟုတ်လောက်ပါဘူး။ ပြီးတော့ ထျန်ရှုံးက မစ္စတာဝမ်ကို အရမ်းချစ်တာ ၊ သူတို့နှစ်ယောက်ကို ခွဲဖို့ဆိုတာက ရက်စက်လွန်းရာမကျဘူးလား။"

"ဟုတ်လား။ မင်းက အဲ့လောက်ထိ ကြင်နာတတ်လိမ့်မယ်လို့ ငါမထင်ဘူး။
နောက်ပြီး ဒါက ခင်မင်မှုကို ထောက်ထားပြီး သတိပေးရုံပဲ။
ထျန်ရှုံးပဲ ဖြစ်ဖြစ် မင်းကိုယ်တိုင်ကပဲဖြစ်ဖြစ် ငါပြောတာကို လက်ခံတယ် လက်မခံတယ် ဆိုတဲ့ကိစ္စကို ငါက စိတ်မဝင်စားဘူး။
သိထားရမှာက ငါက ယျန်ရှန်းနဲ့အတူ ကြီးလာပြီး သူ့အကြောင်းကိုလည်း ကောင်းကောင်းသိတယ်။ သူက ထျန်ရှုံးကို အဲ့လောက်လွယ်လွယ်နဲ့ လွှတ်ထားပေးမယ်လို့ထင်မနေနဲ့။ မင်း ညီကိုသာ သတိထားနေဖို့ ပြောလိုက် "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now