အခန်း(၁၀၆) သူကအရင်ကနဲ့ ဘယ်လိုမှ မတူတော့ဘူး။

14.5K 2.2K 424
                                    

ထျန်ရှုံးရဲ့ကျောက်ရုပ်လို အမူအရာနဲ့ မှင်တေတေဖြစ်သွားတာကိုကြည့်ပြီး ဒေါက်တာလီက ထျန်ရှုံးရဲ့ခေါင်းကို လက်သီးဖြင့် ဖွဖွလေး ထုလိုက်သည်။

"ငါပြောတာ သူ လူတွေကိုပြန်ပြီးမှတ်မိလာပြီ။ အရင်လိုသူစိမ်းကိုတွေ့ရင် စိတ်မထိန်းနိုင်ဖြစ်ပြီး အော်ဟစ်တာမျိုး မလုပ်တော့ဘူးလို့ ... ."

"သူ ... ပြန်ကောင်းသွားပြီလား။"

မှင်သက်နေရာမှ ဒေါက်တာလီ၏စကားကြောင့် တုန်ရီနေတဲ့အသံနဲ့ ထျန်ရှုံးက ပြန်မေးလိုက်သည်။

"အင်း ငါ ပြောခဲ့သလိုပဲပေါ့။ နျဲ့နျန်က အရမ်းသန်မာတယ် ဆိုတာလေ။ အဲ့ဒီနှစ်ကလည်း ဒီလိုအိမ်မက်ဆိုးကနေ လွတ်မြောက်လာခဲ့တာ"

"ဘာ အိမ်မက်ဆိုးလဲ။"

"ဘာမှမဟုတ်ပါဘူး။ သူ ...
နောက်ပိုင်း သူ မင်းကို ပြောပြချင်တဲ့အချိန်ကျမှ ငါ လည်း မင်းကိုပြောပြမယ်။"

အနည်းငယ်တုံံ့ဆိုင်းသွားသော အမူအရာဖြင့် ဒေါက်တာလီက ပြန်ဖြေလိုက်သည်။

ထျန်ရှုံးအဖို့တော့ ထိုစကားတွေကြောင့် သူ့စိတ်ထဲသံသယတွေဖြစ်သွားပေမယ့် ထိုအကြောင်းကို ထပ်ပြီးမတွေးတော့ပေ။ အခုချိန်မှာ ' ဝမ်နျဲ့နျန် သတိမေ့နေရာက ပြန်ကောင်းလာပြီ' ဆိုတဲ့ စကားထက် ပိုပြီးအရေးကြီးတာ မရှိတော့ဘူးလေ။

"မစ္စတာ ထျန် ဒီနေ့ကုသမှုက ပြီးသွားပြီ။ ငါ အရင်ပြန်တော့မယ်။ မင်းလည်း အထဲဝင်ပြီး သူ့ကိုသွားတွေ့လိုက်လေ။"

ထျန်ရှုံးကို ပြောပြီးနောက် ဒေါက်တာလီက ထိုင်ရာမှထပြီး ထွက်သွားခဲ့သည်။ သို့ပေမယ့် ထျန်ရှုံးဘက်ပြန်လှည့်ပြီး လေးနက်စွာ ပြောသွားသေးသည်။

"မစ္စတာထျန် နျဲ့နျန်က တကယ်ကိုကြိုးစားတဲ့သူတစ်ယောက်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးသော အရာတွေကို ပိုင်ဆိုင်ရဖို့ ထိုက်တန်တဲ့ လူကောင်းလေး တစ်ယောက်။ ဒီအခွင့်အရေးကို မင်းဖမ်းဆုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ အရင်က အခွင့်အရေးမရှိခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မင်း ရအောင် ကြိုးစားကြည့်"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now