အခန်း(၅၂) ထင်ထင်ရှားရှားပြလာသည့် ဓာတ်ပုံများ

11.2K 1.6K 176
                                    

" ဘာဖြစ်လို့လဲ။ မင်းရဲ့ ယောက်ျားက ဘာပြောလိုက်လို့လဲ နျဲ့နန် "

ဒေါက်တာလီက ဖြူဖျော့သွားတဲ့ မျက်နှာနဲ့ ဖုန်းကို ဒီအတိုင်းကြီး စိုက်ကြည့်နေတဲ့ ဝမ်နျဲ့နန်အား နားမလည်စွာဖြင့် မေးလိုက်သည်။

"ကျွန် ကျွန်တော် အိမ်ကိုမြန်မြန် ပြန်မှ ဖြစ်တော့မယ် ။ သူ ကုမ္ပဏီကနေ ပြန်ရောက်နေပြီ ။"

ထိုသို့ ပြောပြီးသည်နှင့် ဝမ်နျဲ့နန်က သူ့ရဲ့ အပြင်ကုတ်အကျီကို ယူပြီး ဆေးရုံမှ ကမန်းကတမ်းပြေးထွက်သွားကာ ရီဖန်လမ်းသို့ အမြန်ဆုံးအလျင်နဲ့ ကားကိုမောင်းသွားခဲ့သည်။

ဝမ်နျဲ့နန်၏ကားလေး အိမ်ရှေ့သို့အရောက် သူ့ခြေလှမ်းတွေက ဧည့်ခန်းသို့ ဦးတည်လိုက်သည်နှင့် အိမ်ပေါ်ထပ်မှကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည့် ဆူညံသံနှင့် ပစ္စည်းတွေကို ရိုက်ခွဲနေသည့် အသံကို အတိုင်းသားကြားလိုက်ရသည်။

"ဦးလေး ရှီ ... ဘာတွေ ဖြစ်နေတာလဲ။ "

ဝမ်နျဲ့နန်က တစ်ဖက်တွင် တောင့်တောင့်ကြီးရပ်နေသော ဦးလေးရှီအား မေးလိုက်သည်။

"မဒမ် ... "

ဦးလေးရှီ၏ အသံက စိုးရိမ်ထိတ်လန့်မှုကြောင့် တုန်ရီကာနေသည်။

"မစ္စတာက ဒီနေ့မှ ရုတ်တရက်ကြီး အိမ်ကိုစောစောပြန်လာပြီး ရောက်ရောက်ချင်းမဒမ်ကို မေးတယ်။ တစ်အိမ်လုံးအနှံ့လည်း လိုက်ရှာပြီး မတွေ့တော့ ဘယ်သွားလဲ ဆိုပြီး ဦးလေးတို့ကို လာမေးတယ် "

ဦးလေးရှီက ဝမ်နျဲ့နန်ကို ပြန်ဖြေရင်းနဲ့ ဘယ်အချိန်ကတည်းက ရပ်ကြည့်နေမှန်းမသိတဲ့ ကုယျန်ရှန်းရဲ့ ကြောက်မက်စရာကောင်းတဲ့ အေးစက်စက်အကြည့်တွေကိုတွေ့လိုက်တော့ အဆုံးသတ်နားလေးမှာ အသံကတိုးဝင်သွားသည်။

" အိမ်ကို ပြန်လာဖို့ အသိစိတ်ရှိသေးသားပဲ "

ရုတ်တရက်ကြားလိုက်ရသည့် ထိုမျှလောက်ခက်ထန်လွန်းသောအသံသည် အိမ်အပေါ်ထပ်မှဖြစ်ပြီး ဝမ်နျဲ့နန် အနောက်ကို လှည့်ကြည့်လိုက်တော့ ကုယျန်ရှန်းက လှေကားထိပ်တွင်ရပ်နေသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Dove le storie prendono vita. Scoprilo ora