အခန်း(၂၄) ကွာရှင်းတော့မယ့် ဆက်ဆံရေး

13.2K 1.5K 42
                                    

ဝမ်နျဲ့နန် အခန်းထဲက ထွက်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေပေမယ့် အလင်းရောင်ဖျဖျနဲ့ ဟိုဟိုဒီဒီနေရာတိုင်းက လင်းထိန်နေသည်။

အကြောင်းကတော့ ဝမ်နျဲ့နန် အမှောင်ကြောက်တတ်တာကို သိလို့ ဦးလေးရှီက ဗီလာ၏ နေရာတိုင်းမှာ မီးတွေတပ်ဆင်ထားပေးဖို့ ပြောထားခဲ့တာကြောင့်ဖြစ်သည်။ ထိုမီးတွေက ညမှောင်တာနဲ့ အလိုအလျောက်လင်းလာကြပြီး မိုးလင်းသည်အထိ အလင်းပေးထားကြသည်။ ဝမ်နျဲ့နန်၏ အိပ်ခန်းက ဧည့်ခန်းနဲ့ တစ်ဆက်တည်းဖြစ်နေပြီး ကော်ရစ်တာတစ်လျှောက်ကမီးရောင်တွေနဲ့ နေရာတိုင်းကို လင်းလင်းထင်းထင်းမြင်နေရသည်။

ဝမ်နျဲ့နန်က ကော်ရစ်တာက မီးခလုတ်ကိုနှိပ်ပြီး လှေကားကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။

စာကြည့်ခန်းလေးက အခုချိန်ထိ အလင်းရောင်ရှိနေသေးတာကို သူသတိထားမိသည်။

ထမင်းစားခန်းထဲရောက်တော့ ခွက်ထဲကို ရေလောင်းထည့်လိုက်ပြီး ရေခဲသေတ္တာထဲက အန်တီလန် လုပ်ထားပေးတဲ့ ကွတ်ကီးတစ်ချို့ကို ယူထုတ်လိုက်သည်။ ထို့နောက် အနောက်က ဗီရိုကိုမှီပြီး ကွတ်ကီးတွေကို တစ်ခုချင်းစီစားမိသည်။

ဝမ်နျဲ့နန်က အချိုစားရတာကို အရမ်းကြိုက်သည် ။ သူ ငယ်ငယ်လေးထဲက အချိုမုန့်လေးတွေဆို တစ်မက်တစ်မောစားတတ်ပြီး ဆိုင်ရှေ့ကဖြတ်သွားတုန်း တခြားကလေးတွေ အချိုမုန့်စားရင်း ပျော်နေတာကို မြင်ရင် သူကိုယ်တိုင်လည်း ပျော်လာတတ်သည်။ သူကိုယ်တိုင်လည်း ထိုလူတွေ ဒီလိုမျိုး အချိုမုန့်လေးတွေစားပြီး အမြဲတမ်းပျော်နေဖို့ကို ထူးထူးဆန်းဆန်း ရည်ရွယ်မိပါသေးသည်။

သူ့အမေဆုံးပြီး နောက်ပိုင်းမှာတော့ ဝမ်နျဲ့နန်က အခန်းထဲကလည်း မထွက်တော့သလို ဘယ်သူ့နဲ့မှလည်း အတွေ့မခံပဲ တစ်ယောက်တည်းပဲ ပုန်းကွယ်နေခဲ့သည်။ သူ့အဖေနဲ့ ဆက်ဆံရေးကလည်း တစ်ဖြည်းဖြည်း ပိုပိုတင်းမာလာပြီး ထိုပင်ပန်းမှုတွေက ဝမ်နျဲ့နန်ရဲ့ အဖေကိုလည်း ဖိစီးမှုတွေပေးပြီး ပိန်သွားသည်အထိ ထိုးနှက်ခဲ့သည်။

နောက်ပိုင်းတွင်တော့ ဝမ်နျဲ့နန်က သူ့အတွက်ကိတ်မုန့်လုပ်ပေးဖို့ အစေခံတွေကိုပြောပြီး သူ့အဖေအတွက်ယူသွားပေးခဲ့သည်။ ထိုအချိန်ကစပြီး ကိတ်မုန့်ချိုချိုနဲ့ တခြားသော မုန့်အချို့အမျိုးမျိုးကို သူ့အဖေနဲ့အတူစားခဲ့ပြီး ခါးသက်မှုတွေကို ပြေလျော့စေဖို့ ကြိုးစားခဲ့ကြသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now