ဝမ်နျဲ့နန် သတိပြန်ရလာသည်နှင့် နာကျင်မှုတွေနဲ့ စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်တွေက အိမ်မက်ထဲကအတိုင်း ဆက်လက်ရှိနေသေးသည်။
ခြောက်သွေ့ပြီး အသံထွက်ဖို့တောင် ခက်ခဲနေတဲ့ လည်ချောင်းကြောင့် သူ အကြာကြီး မေ့မျောနေခဲ့သည်မှာ သေချာပါသည်။
ဝမ်နျဲ့နန် အိပ်နေရာမှထထိုင်လိုက်ပြီး အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ရေကရားမှ ရေတစ်ခွက်ငှဲ့ထည့်ပြီး သောက်လိုက်သည်။
သက်သာသွားခြင်းမရှိတဲ့ မူးဝေမှုက သူရေသောက်ပြီးလည်း မူးဝေနေဆဲဖြစ်ကာ ရေခွက်ကို ပြန်ချလိုက်တဲ့အချိန် အိမ်အောက်ထပ်မှ ရန်ဖြစ်နေသံတွေကို သူ အမှတ်မထင်ဘဲ ကြားလိုက်ရသည်။
သိမ့်ကနဲတုန်တက်သွားတဲ့သူကိုယ်လေးနဲ့ မျက်ဝန်းထဲမှာထင်ဟပ်လာတဲ့ ကြောက်လန့်စိတ်တွေနဲ့အတူ သူ စောင်အောက်ထဲဝင်ပုန်းပြီး ခွေခွေလေးနေနေမိသည်။
ကုယျန်ရှန်းရဲ့ ဒေါသတကြီးနဲ့ အော်ဟစ်နေတဲ့အသံတွေကို သူ အတိုင်းသားကြားနေရသည်။
တိတ်ဆိတ်သွားခြင်းမရှိဘဲ ပိုပိုပြီး ပြင်းထန်လာတဲ့ အခြေအနေကြောင့် ဝမ်နျဲ့နန် ဘာတွေဖြစ်နေတာလဲဆိုပြီး စိတ်ပူကာ စောင်ကို ဖယ်ပြီး အိပ်ရာပေါ်မှ ဖြေညှင်းစွာဆင်းသွားခဲ့သည်။
သူ့ခေါင်းက နာကျင်မှုက အခုထိမသက်သာသေးပဲ ရှိနေပြီး လှေကားလက်ရန်းကို ထိန်းကိုင်ရင်း တစ်ဆင့်ချင်းစီး ဆင်းသွားခဲ့သည်။
ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ အားတင်းပြီး ဆက်လျှောက်နေရင်း သူ့ခြေလှမ်းတွေက ရုတ်တရက်ကြားလိုက်ရတဲ့ လုယွင်ရဲ့ အသံကြောင့် ရပ်တန့်သွားခဲ့သည်။ဧည့်ခန်းထဲမှာရှိတဲ့လူနှစ်ယောက်ရဲ့ အချေအတင်ပြောဆိုမှုက ဆက်လက်ပြီး ပြင်းထန်နေဆဲပင်။
ဝမ်နျဲနန် လှေကားမှာ ကျောက်ရုပ်ကြီးတစ်ရုပ်လို ရပ်နေပြီး အမေနဲ့သားကြားက အချေအတင်ရန်ပွဲကို နားထောင်နေခဲ့သည်။
နာကျင်မှုတွေက ... သူ့ရင်ထဲမှာ လှိုက်တက်ကာနေဆဲပင်။
သူ့မျက်ဝန်းအိမ်မှာ မျက်ရည်ပူတွေဝဲတက်လာတုန်းပင်။
နာကျည်းမှုတွေနဲ့အတူ အရာရာကို စွန့်ပစ်လိုက်ချင်သည့် တစ်ခန...
ရုတ်တရက်စီးကျသွားတဲ့ မျက်ရည်တွေက သူ့မေ့ဖျားလေးမှာ စုကာ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ချင်းစီ ကျသွားကြသည်။
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...