အခန်း(၂၀) ဒဏ်ရာကိုကာကွယ်ဖို့

10.8K 1.5K 84
                                    

ကုယျန်ရှန်းအိမ်က ထွက်လာပြီးနောက် ကသိကအောက်ဖြစ်နေတဲ့ စိတ်ရှုပ်စရာခံစားချက်တွေနဲ့အတူ ကုမ္ပဏီသို့ရောက်လာခဲ့သည်။

[ဘယ်တော့ ပြန်လာမှာလဲ ။ ကိုယ် ကြိုက်တဲ့ နံရိုးစွပ်ပြုတ်ချက်ထားပေးတယ် ]

ချန်းလုံအမ်းဆီက စာကိုမြင်တဲ့အခါ ကုယျန်ရှန်း၏မျက်နှာက ချက်ချင်းကို နူးညံ့သွားပြီး ဝမ်နျဲ့နန်ကြောင့် စိတ်တိုနေမိတာလည်း ပျောက်သွားသည်။

ကုယျန်ရှန်းအတွက် ချန်းလုံအမ်းက အိမ်မှာစောင့်နေပါတယ် ' ဆိုတဲ့ အသိက သိပ်ကိုကျေနပ်စရာကောင်းနေသည်။

***

နောက်တစ်နေ့တွင် အိမ်အဟောင်းကို သွားဖို့ ကုယျန်ရှန်းက ဧည့်ခန်းမှာထိုင်ပြီး ဝမ်နျဲ့နန်ကို စောင့်နေသည်။

အပြာရောင်မှိုင်းမှိုင်းသိုးမွှေးချည်ထည်က ဖြူစွတ်လွန်းသော အသားအရေပေါ်မှာ ထင်းထင်းလင်းလင်းရှိနေပြီး သာမန်ထက်ပိုပြီး ရှည်နေသည့် ဆံပင်က အထက်တန်းကျောင်းသားလေးတစ်ယောက်ကဲ့သို့ ထင်မိစေသည်။

လှေကားပေါ်ကဆင်းလာတဲ့ ဝမ်နျဲ့နန်ကို ကြည့်ပြီး ကုယျန်ရှန်းတစ်ယောက် ကြောင်ကြောင်အမ်းအမ်းကြီးဖြစ်သွားကာ ကျောက်ရုပ်ကြီးလို ရပ်နေသည်။

"ဘာလုပ်နေတာလဲ ။ သွားမယ်လေ "

ဖြောင့်ဖြူးနေတဲ့ လမ်းမပေါ်မှာ ကားက ဖြည်းဖြည်းမှန်မှန်သွားနေပြီး ဘယ်တော့မှမပြောင်းလဲတဲ့ အေးစက်လွန်းလှသည့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း တိတ်ဆိတ်မှုကိုသာ ဖန်တီးပေးနေသည်။

"မင်းဘာလို့ ဆံပင်မညှပ်ဘဲ အရှည်ထားထားတာလဲ။ ပုံစံက မိန်းမလိုဖြစ်နေပြီး ကြည့်ရဆိုးတယ်။"

အရမ်းကြီးမတင်းမာနေပေမယ့် ထိုလေသံနှင့် ထို စကားလုံးတွေထဲက 'စိတ်ရှုပ်စရာကောင်းလွန်းလို့ စိတ်ပါပျက်နေပြီ' ဟု ပြောပြပေးနေသည့် အေးစက်စက် လေယူလေသိမ်းနဲ့ တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားသည့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ကုယျန်ရှန်းကို ကြောက်ရွံ့လာစေသည့် စိတ်များသာ ဝမ်နျဲ့နန်ရင်ထဲ တိုးဝင်စေခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now