ပိတ်သွားပြီဖြစ်တဲ့ တံခါးကိုသာ ငေးကြောင်ကာကြည့်ရင်း ဝမ်နျဲ့နျန်၏ခြေလှမ်းတွေက အနောက်သို့တဖြည်းဖြည်းဆုတ်ပေးပြီး ထွက်သွားဖို့ ပြောနေသူ၏ စကားနှင့် ကျောခိုင်းသွားဖို့ ပြင်နေသူအား လမ်းဖယ်ပေးမိသည်။
တိတ်ဆိတ်သွားပြန်ပြီဖြစ်တဲ့ လျှောက်လမ်းနေရာလေးက မီးအလင်းရောင်တို့နဲ့ ထိန်ထိန်ညီးနေပြီး ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသော ဖန်ကွဲစတွေကို ငုံ့ကြည့်မိတော့ နှလုံးသားသည်လည်း တစ်စစီကွဲကြေသွားသလို နာကျင်လာသည်။
ဝမ်နျဲ့နျန်က ဖန်ကွဲစတွေကိုသိမ်းဖို့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်သည်။ မျောလွင့်နေတဲ့ အတွေးတွေနဲ့ သတိမကပ်မိတဲ့တစ်ခဏမှာ သူ့လက်က ဖန်ကွဲစကြောင့် သွေးတွေထွက်လာသည်။
မှိုင်းညို့ကာ ဆွေးမြေ့နေသော မျက်ဝန်းတွေနဲ့ နာကျင်မှုလည်း မရှိပါပဲ တစ်စက်ချင်းစီ ကျနေသော ဒဏ်ရာမှ သွေးတွေကိုကြည့်ပြီး ဝမ်နျဲ့နျန်၏ အတွေးတွေက သူ့နှလုံးသားထဲမှာ အခုချိန်ထိစွဲထင်ကျန်နေဆဲဖြစ်သည့် လမ်းကြားလေးထဲမှာ လဲလျောင်းနေတဲ့ လူတစ်ယောက်အကြောင်းကို ပြန်ပြီး တွေးတောမိသွားသည်။လက်မောင်းတစ်ဖက်မှာ သွေးတွေစွဲနစ်ကာ လမ်းဘေးမှာ လဲနေပြီး ထိုအချိန်ထိ လူတစ်စု၏ အသည်းအသန်လိုက်ရှာခြင်းကိုလည်းခံနေရသည်။ ဒဏ်ရာနဲ့ သွေးတွေက ခန္ဓာကိုယ်အနှံမှာ နေရာလပ်မကျန်အောင် များပြားနေပြီး ကြောက်လန့်စွာနဲ့ပဲ အနားကိုတိုးကပ်သွားရင်း သွေးတွေအဆက်မပြတ်ထွက်နေတဲ့ ဒဏ်ရာကိုအဝတ်နဲ့စည်းပေးဖို့ ကြိုးစားခဲ့သည်။
သို့ပေမယ့် သွေးကမတိတ်သွားဘဲ အဆက်မပြတ်ကို ယိုစီးထွက်နေသည့်အပြင် အရမ်းကိုအားနည်းလာသည့်ပုံစံနှင့် မေ့မျောလုဆဲဆဲဖြစ်လာသည့် ထိုသူအား အိပ်မပျော်သွားဖို့ကို အဆက်မပြတ်အော်ခေါ်ပြီး သတိပေးနေရုံသာ ဝမ်နျဲ့နျန် လုပ်ပေးနိင်ခဲ့သည်။
ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ တုန်ရီနေသော လက်တွေက သူ့အိတ်ထဲက ဖုန်းကိုအသည်းအသန်ရှာပြီး သူတို့ကို လာကယ်ပေးဖို့ 120 သို့ ဖုန်းခေါ်ခဲ့သည်။
ESTÁS LEYENDO
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...