အခန်း(၈၉) ငါတို့သာ မဆုံဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

10.8K 1.5K 219
                                    

ကုမိသားစုနဲ့ ချင်မိသားစုက ရန်သူအဖြစ်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်သည်။ စီးပွါးရေးလောကတွင် လုယု၏အာဏာလွှမ်းမိုးခဲ့စဉ်ကတည်းက ချင်မိသားစုက လုယွင်ကိုဖျက်စီးဖို့ နည်းလမ်းမျိုးစုံရှာဖွေခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ လုယွင်ကို ဖြိုချနိုင်မယ့် ဘယ်လိုနည်းကိုမှ သူတို့ ရှာမတွေ့ခဲ့ပေ။ စီးပွါးရေးလောကတွင်ရှိလူတိုင်းက ချင်မိသားစုက ကုယျန်ရှန်းကို ပစ်မှတ်ထားနေပြီး သူ့ရဲ့ ဆက်ခံသူအာဏာကို ဖျက်စီးဖို့ ကြိုးစားနေတယ်' ဆိုပြီး ပြောလာကြသည်။

ချင်ချီပိုင်က နာကျင်မှုကြောင့် ချက်ချင်းမတ်တပ်မရပ်နိုင်ပဲ ရှိနေသည်။ သူ့အနောက်က အတွင်းမှူးက လဲကျနေတဲ့ ချင်ချီပိုင်ဆီ ပြေးလာပြီး သူ့ကိုမတ်တပ်ရပ်နိုင်ဖို့ ကူတွဲပေးလိုက်သည်။

"ရှောင်ကု မင်း ရူးနေတာလား။ မင်း ဘယ်လိုများ လူတစ်ယောက်ကို ထိုးနိုင်ရတာလဲ။ "

ကုယျန်ရှန်းက အခုလေးတင်မတ်တပ်ရပ်လိုက်သည့် ချင်ချီပိုင်၏အနားသို့ သွားပြီး ချင်ချီပိုင်၏ မျက်နှာတည့်တည့် နှာခေါင်းနေရာသို့ လက်သီးဖြင့် ထိုးလိုက်သည်။

"သူ့ ကို ပြန် တောင်းပန် !"

ချင်ချီပိုင်က ထိုးတာတွေ ကန်တာတွေနဲ့ ပတ်သတ်တဲ့ ကိုယ်ခံပညာ ဘယ်လိုမျိုးကိုမှ မသင်ဖူးတဲ့အတွက် သူက စင်စစ် ကုယျန်ရှန်း၏ ရန်သူမဟုတ်ချေ။
ချင်ချီပိုင်က အခုလေးတင် အထိုးခံလိုက်ရတဲ့ နှာခေါင်းမှစီးကျလာသည့် သွေးတွေကို လက်ဖြင့် သုတ်လိုက်သည်။

"ကု ယျန်ရှန်း စောက်ရူးကောင်။ မင်း ရူးများ နေလား။ မင်းရဲ့ သောက်အကောင်စုတ်က ငါ့ကို အရင်လာထိုးတာလေ။ အဲ့တာကို မင်းက ငါ့ကို ပြန်တောင်းပန်စေချင်နေတာလား။ "

"သူ မင်းကို ဘယ်လက်နဲ့ ထိခဲ့တာလဲ။"

ကုယျန်ရှန်းက ကြောက်ရွံ့စွာရပ်နေသော ချန်းလုံဘက်လှည့်ကာ မေးလိုက်သည်။

"ငါ သူ့ကို တစ်ခါတည်းပျောက်ကွယ်သွားအောင် လုပ်ပေးမယ်"

ထိုစကားကိုကြားတဲ့အခါ ချင်ချီပိုင်တစ်ယောက် နေရာမှာတင် အေးခဲသွားပြီး ချက်ချင်းပဲ တစ်ဖက်သို့လှည့်ကာ ထွက်ပြေးဖို့ ပြင်လိုက်သည်။
သို့ပေမယ့် သူ့အနောက်မှ အားပြင်းသောကန်ချက်တစ်ခုကြောင့် ကြမ်းပြင်ပေါ်သို့ မှောက်လျက်လဲသွားပြီး ကြမ်းပြင်နဲ့ သွားဆောင့်မိတဲ့ ဦးခေါင်းမှာလည်း မူးဝေဝေဖြစ်သွားသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Opowieści tętniące życiem. Odkryj je teraz