အခန်း(၁၄၇) သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးခြင်း။

6.8K 1K 141
                                    

 အခန်း(၁၄၇) သူ့ရဲ့ ခြေထောက်ကို ရိုက်ချိုးခြင်း။

ဆေးလိပ်မီးညှိတဲ့အခါ ကုယျန်ရှန်းရဲ့လက်တွေက တုန်ရီနေသည်။ သူက ဆေးလိပ်မီးကိုအကြိမ်ကြိမ်ညှိနေပြီး ပြတင်းပေါက်ရဲ့အပြင်ဘက်ကို ငေးကြည့်လိုက်သည်။

'သူ ဘယ်လိုများ ဝမ်နျဲ့နျန်ကို မျက်နှာချင်း ဆိုင်ရပါ့မလဲ။'

ရုံးခန်း၏အပြင်ဘက်တွင် ဆူညံသံတစ်ချို့ထွက်ပေါ်လာပြီး ထိုအသံက ချန်းလုံအန်း၏အသံသာဖြစ်သည်။

"ငါ့ ကို လွှတ် ! မင်းတို့ ငါ့ကို နာအောင်လုပ်နေကြတယ် ... ငါ့ကို လွှတ် !"

အခန်းတံခါးမှာပွင့်သွားပြီး ရှောင်လီက သူ့အနောက်တွင် ချန်းလုံအန်းကိုဆွဲခေါ်လာသော လူနှစ်ယောက်နှင့်အတူ ဝင်လာသည်။

ကုယျန်ရှန်းကအနောက်သို့လှည့်လိုက်ပြီး သူ့အရှေ့တွင်ရှိနေသောလူတစ်ချို့ကိုကြည့်လိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ်လှမ်းပြီး ဆိုဖာတွင်ထိုင်ကာ ချန်းလုံအန်းကို ငုံ့ကြည့်လိုက်သည်။

"ယျန်ရှန်း .... ယျန်ရှန်း .... မင်း ဘာဖြစ်နေတာလဲ။ အတွင်းရေးမှူးလီကိုလွှတ်ပြီး ငါ့အိမ်ထဲဖျက်ဝင်လာရတဲ့အထိ ရုတ်တရက်ကြီး ဘာတွေဖြစ်နေတာလဲ။"

ချန်းလုံအန်းက အားယူကာ ဖျစ်ညှစ်ပြုံးလိုက်ပြီး ကုယျန်ရှန်း၏ဘေးနားသို့ သွားလိုက်သည်။ သို့ပေမယ့် သူ့အနောက်တွင်ရှိနေသော လူတစ်ယောက်၏ကန်ချက်ကြောင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားခဲ့သည်။

"မင်း ! မင်းလိုကောင်ကများ ငါ့ကို ဘယ်လိုကန်ရဲတာလဲ !"

ထို့နောက် စကားလုံးတွေဆက်ပြီးမပြောခင်မှာ ချန်းလုံးအန်း၏ခေါင်းထဲသို့ အတွေးတစ်ချို့ရုတ်တရက်ဝင်လာပြီး သူက ကုယျန်ရှန်းကို မယုံနိုင်ဘဲ မော့ကြည့်လိုက်သည်။

"ယျန်ရှန်း .... မင်း .... မင်း ...."

ကုယျန်ရှန်း၏မျက်ဝန်းများ၌ အေးစက်မှုများဖြတ်ပြေးသွားသည်။ သူက ဆိုဖာတွင်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး ချန်းလုံအန်းဆီသို့ တစ်လှမ်းချင်းစီ တိုးသွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora