အခန်း(၆၂) ရည်ရွယ်ချက်ရှိရှိ ဖန်းတီးထားသော အစီအစဉ်

11.9K 1.6K 258
                                    

ဒင်း ဒေါင် '

"လာပြီ လာပြီ ခနလောက်စောင့် "

ချန်းလုံအန်း အိမ်ထဲမှနေ၍ ပြန်ထူးလိုက်ပြီး သူတံခါးကိုဖွင့်လိုက်တော့ အပြင်ဘက်မှာ သူအကြိုက်ဆုံးဖြစ်တဲ့ တာရာမီဆု ကိတ်ကို ကိုင်ထားရင်း ရပ်စောင့်နေတဲ့ ကုယျန်ရှန်းကို တွေ့လိုက်ရသည်။

"အပြင်မှာ အေးတယ်။ မြန်မြန် အထဲဝင်လာခဲ့"

"...."

"ယျန်ရှန်း ဘာဖြစ်လို့လဲ "

ချန်းလုံအန်းက အိမ်ထဲဝင်ဝင်ချင်း အနောက်ကနေ ရုတ်တရက်ဖက်လိုက်တဲ့ ကုယျန်ရှန်းကြောင့် အနည်းငယ်လန့်သွားပြီး ပြန်မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း မင်းကို ဖက်ထားချင်လို့...  ဒီလိုပဲ ခနလောက်ဖက်ထားပါရစေ "

"အင်း မင်း ကြိုက်သလောက်ဖက်ထားလို့ ရပါတယ်"

ချန်းလုံအန်းက သူ့ကိုဖက်ထားတဲ့ ကုယျန်ရှန်းရဲ့ လက်တွေကိုပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။

အချိန်အတော်ကြာသွားသည်အထိ သူတို့နှစ်ယောက်က ဖက်ထားလျက်အတိုင်းရှိနေကြပြီး ကုယျန်ရှန်းကလည်း ခနလေးနဲ့ ပြန်မလွှတ်ပေးသေးသလို သူ့ရှေ့က ချန်းလုံအန်းရဲ့ ဆံပင်တွေကို တဖွဖွပွတ်သပ်နေခဲ့သည်။

"မင်း ဒီနေ့ ကုမ္ပဏီမသွားဘူးလား။"

ချန်းလုံအန်းက မေးတော့ ကုယျန်ရှန်းရဲ့ အမူအရာကချက်ချင်းပြောင်းသွားပြီး ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည်။

"အင်း ငါ့အမေက မနက်ဖြန်ဒီကို ပြန်လာမယ်။ သူက ဝမ်နျဲ့နန်ကို ဂရုစိုက်ပေးစေချင်နေတာလေ အဲ့တာကြောင့် ကုမ္ပဏီကိစ္စတွေကို ယွမ်ဖုန်းဆီ ခန လွှဲထားတယ်။ "

"ကျိုးယွမ်ဖုန်းလား"

ကျိုးယွမ်ဖုန်း ဆိုတဲ့အသံကိုကြားတာနဲ့ ချန်းလုံအန်းရဲ့ မျက်နှာက ချက်ချင်းပျက်သွားပြီး သူက အလိုမကျမှုကို ဖုံးကွယ်လျက် သွေးထိုးသည့်သဘောဆောင်သော မေးခွန်းဖြင့် ထပ်မေးလိုက်သည်။

"မစ္စတာ ကျိုးမှာ အဲ့လိုလုပ်ပိုင်ခွင့် ရှိတာလား။ မင်းအမေက ဘာလို့ အပြင်လူတစ်ယောက်ကို လုပ်ပိုင်ခွင့်အားလုံးပေးပြီး ကု အဖွဲ့အစည်းပိုင် ကုမ္ပဏီကို စီမံခိုင်းရတာလဲ။ "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now