အခန်း(၅၁) ငါ ပြန်လာပြီ

12.1K 1.6K 61
                                    

မနေ့ညက ဝမ်နျဲ့နန် ဒေါက်တာလီနဲ့ ဖုန်းပြောဖြစ်ပြီး ဒီနေ့မှာ ဆေးရုံသို့ အစောကြီး သွားခဲ့သည်။

ဒေါက်တာလီကလည်း ဝမ်နျဲ့နန်အလာကို ရုံးခန်းတံခါးဝအထိ ထွက်စောင့်နေခဲ့သည်။

"ဒီနောက်ပိုင်း မင်းအခြေအနေဘယ်လိုရှိလဲ။
ဆရာ့ကို အားလုံးပြောပြလို့ရတယ် "

ဒေါက်တာလီက သူ့အရှေက မျက်နှာချင်းဆိုင်ဆိုဖာမှာ ထိုင်နေတဲ့ ဝမ်နျဲ့နန်ကို မေးလိုက်သည်။

ဝမ်နျဲ့နန်ရဲ့ မျက်နှာက မနေ့ကထက်ပိိုပြီး လန်းနေပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်ရှိတဲ့သူတွေအတွက် သူတို့ကို အကောင်းဘက်က မြှောက်ပြီး ပြောပေးတာက သူတို့စိတ်ထဲက ခံစားချက်တွေကို ဖွင့်ပြောဖို့ ပိုပြီး ​လွယ်ကူစေတာမို့ ဒေါက်တာလီက ဝမ်နျဲ့နန်ကို ဖြည်းဖြည်းချင်းစီ မေးနေသည်။

ဝမ်နျဲ့နန်က သူ့ခေါင်းကိုငုံ့လိုက်ပြီး ချက်ချင်းပြန်မဖြေသေးဘဲ အချိန်အကြာကြီး တိတ်ဆိတ်နေသေးသည်။

"ကျွန်တော် .....  ကျွန်တော့်ရဲ့ အိပ်မပျော်တဲ့ရောဂါက ပိုပြီးဆိုးလာတယ်လို့ထင်တယ်။ အမြဲတမ်း အိပ်ပျော်ဖို့ ကြိုးစားပေမယ့် အခုနောက်ပိုင်းပိုပြီးဆိုးလာတယ်။
လိုင်းပေါ်က ကွန်းမန့်တွေက ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းဘူးဆိုတာသိပေမယ့် ကျွန်တော့်စိတ်ကို ထိန်းလို့ မရဘူးဖြစ်နေတယ်"

"မင်း အဲ့လို အတင်းအဖျင်းစကားတွေကို လိုက်မဖတ်သင့်ဘူး။
လူတွေက ဘယ်လိုကြည့်မှာတို့ ဘယ်လိုတွေးနေမှာတို့ကို လိုက်ပြီး ဂရုစိုက်မနေသင့်ဘူး။
လိုင်းပေါ်မှာ ဖြစ်သမျှအရာအားလုံးက သူတို့အပျော်သက်သက်သဘောနဲ့ လုပ်ကြတာချည်းပဲ။
သူတို့က အတင်းအဖျင်းလောက်ပဲ ပြောတတ်တာ မင်းရဲ့ တကယ့်အမှန်တရားကိုတော့ သူတို့ဘယ်သူမှမပြောရဲကြဘူး။
အဲ့ဒါကြောင့် အခုအချိန်မှာ မင်းရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်သင့်တယ်... "

"သူက ကျွန်တော့်ကို ဖယ်ထုတ်ချင်လို့ ဗီဒီယိုကို တစ်ရက်တိတိမဖျက်ဘဲ ထားခဲ့တာ၊
ကျွန်တော် အခု ဘာလုပ်သင့်လဲ။
ကျွန်တော် ဒီထက်ပိုပြီး မတောင့်ခံနိုင်တော့ဘူးထင်တယ်"

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Tempat cerita menjadi hidup. Temukan sekarang