အခန်း(၆၆) ကျွန်တော်က သူ့နဲ့နေရမယ်?

14.5K 1.7K 195
                                    

လုယွင်အခန်းထဲမှ ထွက်သွားပြီးနောက် ဝမ်နျဲ့နန် အိပ်ပျော်သွားခဲ့ပေမယ့် အချိန်အကြာကြီးမအိပ်ပျော်ဘဲ အိမ်မက်ဆိုးတွေမက်ပြီး ပြန်နိုးလာခဲ့သည်။

သူ့ခံစားချက်တစ်ခုလုံးက နာကျင်မှုတွေနဲ့ ပြည့်နှက်နေပြီး မြေအောက်ခန်းထဲမှာပိတ်မိပြီး ငိုကြွေးရင်း အကူအညီတောင်းနေပေမယ့် တုံ့ပြန်သံမကြားရဘဲ တစ်ယောက်တည်းဖြစ်နေတဲ့ ပုံရိပ်တွေက သူ့နှလုံးထဲမှာ စွဲထင်နေသည်။

မူးဝေပြီး နာကျင်နေဆဲဖြစ်သည့် ဦးခေါင်းကို ပွတ်သပ်ပြီး ဝမ်နျဲ့နန် အိပ်ရာမှထလာခဲ့သည်။ သူ ဝတ်ထားတဲ့ ညအိပ်ဝတ်စုံကလည်း ချွေးတွေကြောင့် စိုရွှဲနစ်နေသည်။
လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ပြီး အဝတ်လဲဖို့အတွက် ရေးချိုးခန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

ရေချိုးခန်းထဲရောက်တော့ ဝမ်နျဲ့နန်က ရေကော့ကိုဖွင့်လိုက်သည်။ အားပြင်းပြင်းနဲ့ ထွက်ပေါ်လာသည့် ရေကျသံတွေက ရေချိုးခန်းထဲမှ ထွက်ပေါ်လာပြီး ဝမ်နျဲ့နန်ကတော့ မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံရိပ်ကိုကြည့်ပြီး ငြိမ်သက်စွာရပ်လျက်ရှိနေသည်။

' ရှုပ်ပွနေတဲ့ ဆံပင်တွေ ... နီရဲနေတဲ့ မျက်ဝန်းတွေ ... မေ့စေ့နားမှာ ထင်ကျန်နေတဲ့ မှုန်ဝါးဝါးအမာရွတ်နဲ့ မျက်လုံးအပေါ်က လျော့တိလျော့ရဲဖြစ်နေတဲ့ ပတ်တီးစတွေ ...

ဝမ်နျဲ့နန် သူ့လက်ကိုမြှောက်ပြီး မျက်နှာကိုအသာအယာထိခတ်ကြည့်လိုက်သည်။
ထူးဆန်းနေတဲ့ ခံစားချက်တစ်ခုနဲ့ မှန်ထဲမြင်နေရတဲ့ ပုံရိပ်က သူ မှ ဟုတ်ရဲ့လားလို့ တွေးမိသည်။

'ဘာလို့ ဒီလို ရှက်စရာကောင်းတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ ...'

ရေချိုးဇလုံက ရေတွေလျှံကျလာပြီး ဝမ်နျဲ့နန် သူ့ခြေထောက်ကိုမြှောက်ကာ အထဲဝင်ထိုင်လိုက်သည်။ သူ့ရင်ညွန့်အထိရောက်နေတဲ့ ရေတွေက အေးစက်နေသလား မခံစားမိပေမယ့် သူ့ခြေထောက်ကို လက်နဲ့ပိုက်လိုက်ပြီး ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဝမ်နျဲ့နန်ရဲ့ မျက်နှာမှာတော့ ဘာအမူအရာမှ ရှိမနေပေ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now