အခန်း(၁၂၅) အိမ်တွင် တိုက်ခိုက်ခံရသော ညတစ်ည

12.2K 1.9K 265
                                    

အခန်း(၁၂၅) အိမ်တွင် တိုက်ခိုက်ခံရသည့် ညတစ်ည

အတိတ်နိမိတ်ဆိုးတွေကို ဆောင်ကျဉ်းလို့ စိတ်ဆိုးသုန်မှုန်နေသော မျက်နှာထားဖြင့် ကုယျန်ရှန်းက ဓာတ်လှေကားအတွင်းမှထွက်လာသည်။ အနောက်ဘက်မှနေ၍ ရှောင်လီကလည်း အပြေးတစ်ပိုင်းဖြင့်လိုက်နေသည်။

"ဒီတလောကုမ္ပဏီကိစ္စတွေနဲ့ ပတ်သတ်ပြီး မှားယွင်းတာတွေရှိနေတယ်လို့ မစ္စတာကျိုးပြောထားတယ်။ အဲ့တာ အကုန်လုံးကို စစ်ဆေးပြီး အချက်အလက်တွေကို မစ္စတာကုရဲ့ ကွန်ပျူတာထဲ ကျွန်တော် ပို့ထားပေးတယ်။"

ထိုစဉ်၌ တစ်စုံတစ်ယောက်က ထောင့်ချို့နေရာကနေ အလောတလျင်ပြေးဝင်လာပြီး ကုယျန်ရှန်းကို ဝင်တိုက်မိသွားကာ သူ့လက်ထဲကိုင်ထားတဲ့ အဖြူရောင်ဖုန်းက ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားခဲ့သည်။

"မစ္စ ... မစ္စတာ ကု .... ကျွန်မ တောင်းပန်ပါတယ် .... "

အေးစက်မာထန်နေသော အကြည့်များဖြင့် ကုယျန်ရှန်းက စူးစူးနင့်နင့်စိုက်ကြည့်လိုက်သည်။ သို့ပေမယ့် သူ့အကြည့်တွေက လာဝင်တိုက်တဲ့သူဆီမဟုတ်ဘဲ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတဲ့ ဖုန်းထံသို့ ဖြစ်နေသည်။

'ထိုဖုန်းက အဖြူရောင်လေးဖြစ်ပြီး အောက်ခြေနားတွင် နေကြာပန်းပုံ ဆွဲသီးလည်း ပါသည်။'

"မင်းရဲ့ ဖုန်းမှာ ဒီဆွဲသီချိတ်ထားဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ။"

"ကျွန် မ.... ကျွန်မ ဒီဆွဲသီးကို အင်တာနက်က WE နဲ့ ထျန်ရှုံးရဲ့ ဆင်တူဖုန်းမှာ ချိတ်ထားတာကို တွေ့ခဲ့တာပါ။ အခုတလော ဒီဆွဲသီးက လူကြိုက်များနေလို့ .... ။ ကျွန်မဘေးက တစ်ခြားသူတွေလည်း သုံးကြတော့ .... အဲ့တာကြောင့် ကျွန်မလည်း .... "

ထိုစကားကို လုံးစေ့ပတ်စေ့ နားထောင်လိုက်ရတဲ့ ကုယျန်ရှန်းက ဒေါသထွက်နေလေပြီ။ မျက်ဝန်းအကြည့်တွေက ဘေးနားကလူဆီ ရောက်သွားပြီး မပျက်မယွင်းသော ခက်ထန်မာကြောမှုဖြင့် စိုက်ကြည့်လိုက်သည်။

"ဆင်တူ ဖုန်း ...? ။ အဲ့တော့ မင်းပြောချင်တာ မင်းလည်း သူတို့နှစ်ယောက်ကို ကြည့်ကောင်းတယ်လို့ ထင်တယ်ပေါ့ ။ "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now