အခန်း(၅) ကွာရှင်းစာချုပ်

15K 1.9K 52
                                    

အဲ့ဒီမှာကွာရှင်းစာချူပ် ငါလက်မှတ်ထိုးထားပြီးပြီး ။

အေးစက်လှသော စကားလုံးများသည် ကာယကံရှင်၏ နှုတ်အာဘော်အတိုင်း ဘာမှမဖြစ်သလို လွင့်စင်လာကြသည်။

"ဘာလို့လဲ ဘာလို့ ငါ့ကို ကွာရှင်းချင်တာလဲ "

ထိုစကားကို တုန်ရီနေသော ခန္ဓာကိုယ်လေးနဲ့ နာကျင်စွာပစ်ချခံလိုက်ရသော နာရီလေးကို ကောက်ယူရင်း ဝမ်နျဲ့နန် မေးလိုက်သည်။ ပိုင်ရှင်၏အမည်ကို နာရီ၏နောက်ဘက်မှာစာလုံးအဖြစ် အရာထင်စေခဲ့သလို ဒီ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကလည်း မေ့မရတဲ့ အမှတ်ရစရာ အတိတ်တစ်ခုအဖြစ် နှလုံးသားမှာ ထွင်းထုပြီးသား ဖြစ်နေလေပြီ။ စားပွဲပေါ်က ကွာရှင်းစာချုပ်ကတော့ မြေစာပင်ဖြစ်နေသည့် အလား ၊ နာကျင်မှုအပြည့်နဲ့ စိုက်ကြည့်မိပြန်တော့ တတ်နိုင်သည်ဟူသော အခြင်းအရာမှာ ဘာမှရှိမနေခဲ့ချေ။

"ဥက္ကဌရဲ့ ခင်ပွန်းဆိုတဲ့ နေရာကိုဘယ်လိုနည်းလမ်းသုံးပြီး အရယူခဲ့လဲ ဆိုတာ မင်းကိုယ်မင်းသိမှာပေါ့ ။ ငါမင်းကို ထပ်ပြီး မေးကြည့်ပါအုံးမယ် ၊ ငါတို့လက်မထပ်ခင်က မင်း အိမ်အဟောင်းကို ဘာလို့သွားခဲ့တာလဲ ။ အဲ့ဒီကိစ္စပြီးတာနဲ့ ငါ့အမေက လုံအမ်းနဲ့သွားတွေ့ပြီး ငါနဲ့ လမ်းခွဲဖို့ တွန်းအားပေးခဲ့တယ်။ အဲ့ဒီကိစ္စတွေက ဘာကြောင့်ဖြစ်လာတယ်လို့ မင်းထင်လဲ ။ "

ဒါလား။ ငါ့ကို ကွာရှင်းချင်တဲ့ အကြောင်းပြချက်က ဒါလား။

"လုံအမ်းက ငါ့ကိုလက်ထပ်မယ်လို့ အမေ့ကိုမင်းပြောခဲ့ပြီး သူထွက်သွားအောင် မင်းအကျင့်ယုတ်မာခဲ့တယ်မလား။ မင်းဟာ အဲ့လို ကောက်ကျစ်ပြီး မာယာများတဲ့ ယောက်ျားတစ်ယောက်ပဲ ။ ငါအပါအဝင် တစ်ခြားသူတွေအရှေ့မှာ အားနည်းချင်ယောင်ဆောင်ပြီးနေနေခဲ့တာ ၊ တကယ်တော့ မင်းက ဟန်ဆောင်ပြီး နေခဲ့တာ ။ ဝမ်နျဲ့နန် မင်း မပင်ပန်းသေးဘူးလား။"

ကုယျန်ရှန်း သူ့ရှေ့မှာ ရပ်နေတဲ့ သူကို အေးစက်စွာစိုက်ကြည့်ရင်း ဆိုသည်။

သူ့မျက်စိထဲမှာ ဝမ်နျဲ့နန်ဆိုတာ သိပ်ကို ဟန်ဆောင်ကောင်းလွန်းတဲ့ သူတစ်ယောက်။ သူ့ချစ်ရတဲ့ သူကို အဝေးကိုမောင်းထုတ်ပြီး ဘာသတင်းအစအနမှပြန်ရှာလို့ မရအောင် အကောက်ကြံခဲ့တဲ့ သူ။ နာကျင်နေတာမှန်သမျှကို အရက်သောက်ရင်းဖြေဖျောက်နေခဲ့ပြီး မဟုတ်လောက်ပါဘူးလို့ သူတွေးခဲ့ပေမယ့် နောက်ဆုံး သူရလိုက်တာက တစ်ကိုယ်လုံး အနီအမှတ်အပြည့်နဲ့ သူလက်မောင်းထက်မှာ အိပ်ပျော်နေတဲ့ ဝမ်နျဲ့နန်ကို မယုံကြည့်နိုင်စွာ တွေ့လိုက်ရသည့် မနက်ခင်းတစ်ခုကိုဖြစ်သည်။ သူတောင် ဒေါသထွက်ဖို့ မစမပြုရသေးခင်မှာ သူ့အမေက တံခါးကို ဆောင့်ဖွင့်ပြီး အခန်းထဲရောက်လာခဲ့သည်။ ထို့နောက် သူ့ဘေးက ဝမ်နျဲ့နန်က အလွန်အံ့ဩနေတဲ့ အမူအရာနဲ့ပြောခဲ့တယ်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now