အခန်း(၅၅) မင်းမချီဘူးလား။ ငါက ချီရမှာလား။

12.8K 1.7K 161
                                    

"ငါ့ကိုလည်း တစ်ခုပေး။ ငါလည်း ဝင်မယ် "

ကုယျန်ရှန်းနဲ့ ကျိုးယွမ်ဖုန်းတို့ နှစ်ယောက် ဓာတ်မီးတစ်ယောက်တစ်လက်နဲ့ လှေကားကနေဆင်းသွားကြသည်။
သူတို့ အထဲကို ရောက်တဲ့အထိ ဝမ်နျဲ့နန်ကို မတွေ့ရသေးပဲ ကုယျန်ရှန်းက အရှေ့ကိုဆက်ဆင်းသွားလိုက်သည်။ ရုတ်တရက် လှေကားအစွန်းမှာ ငြိနေတဲ့ အင်္ကျီစကို တွေ့လိုက်ရပြီး ကုယျန်ရှန်းက အရှေ့ကို ဆက်တိုးသွားကာ ဘေးပတ်ပတ်လည်ကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်သည်။

ထိုအခါ မြေကြီးမှာလဲကျနေတဲ့ ဝမ်နျဲ့နန်ကို တွေ့လိုက်ရပြီး အခြေအနေကိုစစ်ဆေးဖို့ အနားကိုတိုးကပ်သွားတဲ့အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျိုးယွမ်ဖုန်းလည်း အကြီးအကျယ်ကို ထိတ်လန့်သွားရသည်။

"မင်း သူ့ကို အခန်းထဲ မခေါ်သွားဘဲ ဘာကို အရူးလို ကြောင်ပြီး ရပ်ကြည့်နေတာလဲ "

ကျိုးယွမ်ဖုန်းက ဝမ်နျဲ့နန်ကိုကြည့်နေရင်း ကုယျန်ရှန်းဘက်လှည့်ကာ ပြောလိုက်သည်။

"ငါက ချီရမှာလား။ ဘာလို့လဲ "

"နောက် ငါက ချီရမှာလား။ ငါ မချီရဲပါဘူးနော်။ ချောင်းရိုက်ထားတဲ့ ဗီဒီယိုတို့ ဓာတ်ပုံတို့ထွက်လာရင် ငါနဲ့ ဝမ်နျဲ့နန်လည်း ပတ်သတ်မှုရှိတယ် ဆိုပြီး မင်း ငါ့ကို ထိုးအုံးမလို့လား။ "

ကျိုးယွမ်ဖုန်းဆီမှ ထိုစကားကို ကြားတော့ ကုယျန်ရှန်းရဲ့ မျက်နှာက ချက်ချင်းကို မှုန်ကုပ်သွားပြီး သူ့သူငယ်ချင်းက လိုင်းပေါ်မှာထွက်နေတဲ့ ထျန်ရှုံးနဲ့ ဝမ်နျဲ့နန်ရဲ့ သတင်းနဲ့ ပတ်သတ်ပြီး ရွဲ့ပြောနေမှန်းသိတာမို့ သူက ခပ်စူးစူးစိုက်ကြည့်လိုက်သေးသည်။

ကုယျန်ရှန်းက ကျိုးယွမ်ဖုန်းကို အခဲမကျေနိုင်စွာ စိုက်ကြည့်ပြီး ဝမ်နျဲ့နန်ကို ပွေ့ချီလိုက်သည်။

ထိုတစ်ခန၌ ကုယျန်ရှန်းရဲ့ မျက်ခုံးနှစ်ဖက်က အံ့ဩမှုကြောင့် မြင့်တက်သွားပြီး သူ့လက်ထဲက ဝမ်နျဲ့နန်ကို ပြန်ငုံ့ကြည့်လိုက်သည်။

'အန်တီလန်က သေချာချက်ကျွေးနေရဲ့သားနဲ့ သူက ဘာလို့ ဒီလောက်တောင် ပေါ့နေတာလဲ ။ သူ့ခန္ဓာကိုယ်က ထင်ထားတာထက်ကို ပိုပြီး အားနည်းနေတယ် '

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now