အခန်း(၁၄၉) 'ထာဝရ' လက်ထပ်လက်စွပ် အတု၊အစစ်‌ ပေါ်ထွက်လာခြင်း။

7.2K 1K 58
                                    

အခန်း(၁၄၉) 'ထာဝရ' လက်ထပ်လက်စွပ် အစစ် အတု ပေါ်ထွက်လာခြင်း။

လက်ထဲတွင် နို့ခွက်ကိုကိုင်ထားရင်း ဝမ်နျဲ့နျန်က ဆိုဖာတွင်ကွေးကွေးလေးထိုင်ကာ ခံစားချက်များကင်းမဲ့လျက် ဖုန်းကိုစိုက်ကြည့်နေခဲ့သည်။

"ရှောင်နျန် ? မင်း ဘာဖြစ်နေတာလဲ။"

မနေ့က အိမ်ပြန်ရောက်လာကတည်းက ဝမ်နျဲ့နျန်ရဲ့ပုံစံက တစ်ခုခုမှားယွင်းနေတာကို ဝမ်အဖေ သတိထားမိခဲ့သည်။

"ဘာမှမဖြစ်ပါဘူး .... အခုတလော စတူဒီယိုမှာ အရမ်းအလုပ်များလာလို့ နည်းနည်းပင်ပန်းနေရုံပါ။"

WE ၏ သီချင်းအသစ်ထွက်ပြီးချိန်မှစ၍ ထိုအကြောင်းအရာက ဝက်ဘ်ဆိုက်ဒ်၏ထိပ်ဆုံးတွင် နေရာယူသွားပြီး ပရိတ်သတ်တွေကလည်း သီချင်းအသစ်' ဟူသောခေါင်းစဉ်နှင့် Weibo တွင် ပို့စ်များ စတင် တင်နေကြသည်။

[ ငါ WE ကို သဘောကျနေခဲ့တာ နှစ်နှစ်ရှိပြီ၊ သီချင်းထဲက ပြောင်းလဲမှုတွေကိုလည်း ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ အခုထွက်တဲ့ သီချင်းအသစ်က အရင်လောက် ဝမ်းနည်းစရာမကောင်းတော့ဘူး။ အခုလိုသီချင်းမျိုး ထွက်လာတာကို တကယ်ပျော်မိတယ်။ ]

[သီချင်းအသစ်က တကယ်ကိုကောင်းတယ်။ အကြိမ်အများကြီး နားထောင်ပြီးနောက်မှာ ငါ့နှလုံးသားထဲက စိုးရိမ်မှုတွေ ပျောက်ကွယ်သွားခဲ့တယ်။ WE ရဲ့ သီချင်းတွေက တစ်ခြားသူတစ်ယောက်ရဲ့ ခံစားချက်တွေအပေါ် အလွယ်တကူနဲ့သက်ရောက်မှု ရှိနေတုန်းပဲ။

[မင်ယွဲ့စတူဒီယိုရဲ့ သီချင်းအားလုံးကို ငါ နားထောင်ဖူးတယ်။ သီချင်းအကုန်လုံးက နားထောင်ကောင်းပြီး WE ရဲ့ ဒိတ်ဒိတ်ကြဲသီချင်းတွေကလည်း တကယ်ကို ကောင်းတယ် ... ငါ အရမ်းကြိုက်တယ် ]

သူတို့ထဲကတစ်ယောက်က ကုယျန်ရှန်းနဲ့ WE ရဲ့ CP ပရိတ်သတ်ဖြစ်ပြီး သူက ... ကုယျန်ရှန်းနဲ့ WE တို့ လက်ထပ်ခဲ့တဲ့အကြောင်းကိုပြောထားပြီး သတို့သား (သတို့သမီး) နှစ်ယောက်၏လက်ထပ်လက်စွပ်ဝတ်ထားသော ဓာတ်ပုံကိုပါ တွဲလျက် ဖော်ပြထားသည်။

'ဒီလိုလက်စွပ်ပုံစံမျိုးက ကုယျန်ရှန်းနဲ့ ဝမ်နျဲ့နျန်ရဲ့ လက်ထပ်လက်စွပ်နဲ့ တူနေတာကို ငါတွေ့ခဲ့တယ်။ အဲ့ဒီတုန်းက ပရိတ်သတ်တော်တော်များများက Weibo မှာ ပို့စ်တွေအများကြီးပြန်တင်ပြီး အားကျသလို မနာလို ဖြစ်ရတဲ့အကြောင်း အများကြီးကို ရေးခဲ့ကြတယ်'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now