"မင်းက အဖေတို့နဲ့ဘယ်တော့မှ အဆင်ပြေပြေမနေနိုင်ဘူးဆိုတာ ငါသိတယ်။ မင်းကရော ဘာလို့ မိဘတွေစိတ်ပူနေရတဲ့ သားတစ်ယောက်ဖြစ်နေတာလဲ "
ထျန်လွမ်ချင်းက သူ့ညီရဲ့ နဖူးကို အားပါပါးတစ်ချက်ရိုက်ထည့်ပြီး မေးလိုက်သည်။
" အာ ..... ကျွန်တော်က အခက်အခဲလေးရှိလို့ ကိုကြီးဆီလာတာပါ။ ကျွန်တော့်ကို ကူညီပါဦးနော် "
ထျန်ရှုံးက သူ့နဖူးကိုလည်း လက်နဲ့ပွတ်နေရင်း မချွဲတချွဲအသံလေးကိုမှ သနားစရာကောင်းအောင် ကြည့်ပြီး ပြောနေပြန်သည်။
"မင်းကို ငါမနိုင်ဘူး။ ဘာကို ကူညီရမှာလဲ ၊ စကားနဲ့သာ ပြောစမ်းပါ "
"ကျွန်တော်က ဈေးနည်းနည်းကြီးတဲ့ ရိုးရာတူရိယာလေး ဝယ်လိုက်တာ ကျွန်တော့်မှာ ပိုက်ဆံမလောက်လို့ တစ်ဝက်ပဲပေးထားရသေးတယ်။ ကျန်တာလေးကို ကိုကြီးကို ကူစိုက်စေချင်လို့ပါ။"
"အကို မင်းကို ကူညီပေးလို့ရပါတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ မင်းပြောတဲ့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူဆိုတာက မင်း နှစ်တွေအကြာကြီးကြိုက်လာခဲ့တဲ့ တစ်ယောက်ပဲလား။ "
ထျန်လွမ်ချင်းက မျက်မှန်လေးကိုအသာပင့်ရင်း ဆိုဖာနောက်ကိုမှီကာ ဟုတ်လေမလား ' ဟူသည့်သဘောဖြင့် အကဲစမ်းပြီးမေးလိုက်ပေမယ့် သူ့ညီ ထျန်ရှုံးကတော့ "ဟုတ်ပါတယ်" ဟူ၍ သွေးဖြဲကာ ပြန်ဖြေလေသည်။
"ထျန်ရှုံး သူက ကုယျန်ရှန်းနဲ့ လက်ထပ်ထားတယ်ဆိုတာ မင်းလည်းသိနေတာပဲ။ ကုယျန်ရှန်းက သူ့ကို မချစ်ဘူးဆိုရင်တောင် ငါတို့ ဘာမှလုပ်လို့မရဘူးလေ "
ထျန်လွမ်ချင်းက ထိုင်ရာမှထပြီး သူ့ညီအရှေ့သို့လျှောက်သွားလိုက်သည်။
"ဒါပေမယ့် ကျွန်တော်က ချစ်တယ်လေ။ ကျွန်တော် သူ့ကို သုံးနှစ်မကချစ်ခဲ့သလို ကုယျန်ရှန်းထက် ပိုပြီးလည်း ချစ်တယ် "
အနည်းငယ်ကျယ်လောင်သွားသည့် အသံနှင့် အတူ ထျန်ရှုံး၏ အမူအရာကလည်း ပိုပြီး ပြင်းထန်လေးနက်လာကာ ထိုစကားတွေက သူ့ရဲ့ စိတ်ရင်းဖြစ်ကြောင်းကို သူ့မျက်ဝန်းလေးတွေကတောင် အသိအမှတ်ပြု ပြောပြပေးနေသည်။
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...