လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးနောက် ထျန်ရှုံးရဲ့ ဖုန်းက စာဝင်သံနဲ့အတူ တုန်ခါသွားသည်။
[ထျန်ရှုံး မင်း ဒါကိုတစ်ချက်ကြည့်ကြည့်။ တစ်ယောက်ယောက်က ဗီဒီယိုတစ်ခုတင်ထားတယ်။ မင်းရဲ့ ကြင်နာတတ်တဲ့ ကြောင်လေးမှာလည်း အစွယ်နဲ့ပါလား ဟ ]
ထျန်ရှုံး ချက်ချင်းပဲ သူ့သူငယ်ချင်းပို့လာပေးတဲ့ ဗီဒီယို လင့်ခ် ကို နှိပ်လိုက်သည်။
ထိုဗီဒီယိုထဲတွင် ဝမ်နျဲ့နန်က ချန်းလုံအန်းရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဖမ်းဆွဲပြီး ' သံစဉ်တွေကို ဘယ်ကရလဲဆိုပြီး မေးနေသည်။ ချန်းလုံအန်းက နာကျင်မှုကြောင့် လွှတ်ပေးဖို့ အော်ပြောနေတာဖြစ်သည်။
ဗီဒီယိုက ထိုနေရာအထိသာပါပြီး လူအများက ဒါကိုကြည့်ခဲ့ရင်တော့ ဥက္ကဌကုရဲ့ မိန်းမက ချန်းလုံအန်းနဲ့ သူ့ယောက်ျား စန္ဒရားအတူတီးတာကိုကြည့်ပြီး မနာလိုဖြစ်လို့ သီချင်းခိုးတယ်ဆိုပြီး စွပ်စွဲခဲ့တယ်လို့သာ ထင်ကြမည်။
ဒါကိုကြည့်ရင် သေချာပေါက် တစ်စုံတစ်ယောက်က ဝမ်နျဲ့နန်အပေါ်အသရေဖျက်ချင်လို့ ကြံစည်ထားတယ် ဆိုတာသိသာနေပေမယ့် ကွန်းမန့်တွေကတော့ ဝမ်နျဲ့နန်ကို အပြစ်တင်စွပ်စွဲနေကြပြီး ချန်းလုံအန်းကိုတော့ သနားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ခံစားရေးပေးနေကြသည်။
[ဘုရားရေ မင်းသားလေးက သနားဖို့ ကောင်းလိုက်တာ။ သူ့သီချင်းက ခိုးထားတယ် ဆိုပြီး စွပ်စွဲခံနေရတယ်၊ အဲ့ဒီ ခိုးထားပါတယ်လို့ စွပ်စွဲနေတဲ့သူက ဘယ်သူလဲ ]
[ ငါကတော့ အဲ့ဒီနတ်ဖက်ထားတဲ့စုံတွဲကိုပဲ လုံးဝထောက်ခံတယ် ၊ ဟိုဘက်က အဆိပ်ပြင်းတဲ့ ရုပ်ဆိုးတဲ့တစ်ယောက် အခု သွားသေလိုက်တော့! ]
[ မင်းရဲ့ သီချင်းကို ခိုးတယ်လို့ စွပ်စွဲချင်ရင် သက်သေလေးတော့ ပြသင့်တာပေါ့ ။ အခုတော့ ဘာသက်သေမှမရှိဘဲ တစ်ဖက်လူကို စွပ်စွဲနေတာ တကယ် ရှက်ဖို့ကောင်းတယ် ]
[ ဟိုကောင်လေးရဲ့ လက်က အရမ်းနီနေတယ်။ တော်တော် နာသွားမှာပဲ ]
[ ဒီပွဲက အစကတည်းက စိတ်ပျက်စရာကောင်းတယ်။ နင် ဘာလို့ သူ့ကို အမြဲမုန်းနေလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။ ]
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...