အခန်း(၂၁) ဖွဖွလေး ပွတ်ပေးမယ်

10.7K 1.4K 71
                                    

ဝမ်နျဲ့နန်လည်း ကုယျန်ရှန်း၏ ခေါ်သံကိုကြားပြီး အနောက်ကနေလိုက်ရင်း သူ့ဘေးမှာ ကပ်ပါလာတဲ့ ဝမ်အဖေရဲ့ အတွင်းရေးမှူးကိုလည်း စကား တွေ လှမ်းပြောနေသည်။

"အာ့"

ဝမ်နျဲ့နန်၏ နှာခေါင်းက အရှေ့ကနေ ဆက်မသွားတော့ဘဲ ရုတ်တရက်ရပ်လိုက်သော ကုယျန်ရှန်း၏ ပုခုံးကျယ်ကျယ်နဲ့ ဆောင့်မိသွားသည်။ မထင်မှတ်ဘဲဝင်တိုက်မိသည့် အရှိန်ကြောင့် အနည်းငယ်နာကျင်သွားသည့် နှာခေါင်းရဲရဲလေးကို အုပ်ကိုင်ထားသော ဝမ်နျဲ့နန်၏ မျက်ဝန်းထဲမှာလည်း မျက်ရည်စတွေဝေ့သီနေသည်။

ဝမ်နျဲ့နန်က နာကျင်မှုကြောင့် သူ့ရဲ့ နှာခေါင်းလေးကို အုပ်ကိုင်ကာ ပွတ်သပ်နေပြီး နောက်မှ သူ့အတွေးထဲဝင်လာသည့် အရှေ့က သူဝင်တိုက်မိတဲ့သူကို စဉ်းစားမိတော့ ဝမ်နျဲ့နန်၏ ခြေလှမ်းတွေက အနောက်ကို သိသိသာသာ ဆုတ်သွားကြသည်။

" ငါ ... တမင် လုပ်လိုက်တာ မဟုတ်ပါဘူး။ "

ဝမ်နျဲ့နန်၏ အသံတွေက တုန်ရီနေပြီး ငြိမ်သက်နေတဲ့အခြေအနေက သူ့ကြောင့် ပျက်စီး သွားမှာကို တွေးမိပြီး ကြောက်ရွံ့နေသည်။

ကုယျန်ရှန်းက အနောက်ကို လှည့်လိုက်ပြီး နီရဲနေတဲ့ နှာခေါင်းကို အုပ်ကိုင်ကာ မျက်ရည်တွေဝဲနေသည့် ဝမ်နျဲ့နန်ကို အေးစက်စွာကြည့်လိုက်သည်။

' သူ့ရဲ့ ဆံပင်ရှည်ရှည်တွေကြောင့် အလွန်တရာ သနားဖို့ကောင်းတဲ့ ပုံစံပေါက်နေတယ် '

ကုယျန်ရှန်းက သူ့အတွေးတွေထဲတိုးဝင်လာသည့် ခံစားချက်တစ်စုံတစ်ရာကြောင့် ရှေ့တိုးကာ ခါးကို ကုန်းလိုက်သည်။

အမှတ်မထင်တိုးဝင်လာသည့် ကုယျန်ရှန်း၏ ခြေလှမ်းတွေနဲ့ အနည်းငယ်ကုန်းလိုက်သော ကိုယ်ဟန်က ဝမ်နျဲ့နန်ကို ကြောက်စိတ်တွေ ဖုံးလွှမ်းသွားစေပြီး တဖြည်းဖြည်းမြောက်တက်လာသည့် ညာလက်ကြောင့် ကုယျန်ရှန်းက သူ့ကို ထပ်ရိုက်တော့မည်အထင်နဲ့ မျက်လုံးတွေကို အတင်းမှိတ်ထားလိုက်မိသည်။

သို့ပေမယ့် ဘယ်သူက ထင်မှာလဲ ။

ကုယျန်ရှန်းက ဝမ်နျဲ့နန်ရဲ့ နှာခေါင်းလေးကို ဖွဖွလေးပွတ်ပြီး နူးနူးညံ့ညံ့လေး ပြောလာသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now