အခန်း(၁၂၈) ကွာရှင်းခဲ့တာကို မင်းနောင်တရနေပြီဆိုတာ သေချာသွားပြီ။

12.7K 2K 133
                                    

အခန်း(၁၂၈) ကွာရှင်းခဲ့တာကို မင်းနောင်တရနေတယ်ဆိုတာ သေချာသွားပြီ။

အခန်းတံခါးပွင့်လာတာကိုပင် မသိဘဲ ကုယျန်ရှန်းက အခန်းအပြင်ဘက်တွင် နံရံကိုမှီထားရင်း ကြမ်းပြင်ကို တွေတွေကြီး ငေးစိုက်ကြည့်နေခဲ့သည်။

"ကု ယျန် ရှန်း "

"......"

မုန်းတီးမှုအပြည့်နှင့် ထျန်ရှုံး၏အော်ခေါ်သံကိုကြားမှ ကုယျန်ရှန်းက ခေါင်းမော့ပြီး ထျန်ရှုံးဘက်မော့ကြည့်လိုက်သည်။ သို့ပေမယ့် သူ့မျက်နှာအလှည့်မှာပဲ ထျန်ရှုံးရဲ့ ပြင်းထန်သည့် ထိုးချက်ကိုခံလိုက်ရသည်။ ထိုအရှိန်ကြောင့် ကုယျန်ရှန်းမှာ အနောက်သို့ယိုင်သွားသော်လည်း သူက ခြေလှမ်းကိုပြန်ထိန်းပြီး မတ်မတ်ပြန်ရပ်နေလိုက်သည်။ သူက ထျန်ရှုံးကို ပြန်မထိုးဘဲ လက်သီးကိုဆုပ်ထားရင်းဖြင့် စိုက်ကြည့်နေခဲ့သည်။ ခြေလှမ်းတွေကလည်း ထျန်ရှုံးနဲ့ မျက်နှာဆိုင်ဖို့ ပြန်လည်ဦးတည်နေသည်။

"ခွေးလိုကောင် ....၊ သူ့ဒဏ်ရာအားလုံးက မင်းကြောင့်ဖြစ်ရတာ ... သူ့ဒဏ်ရာအားလုံး ပြန်ကောင်းလာတော့မယ့် အချိန်တိုင်း မင်းက ထပ်ထပ်ပြီးနာကျင်ရအောင် ဒဏ်ရာတွေပြန်ပေးတယ် ၊ အခု နျဲ့နျန်ရဲ့ ခြေထောက်က ပြန်မကောင်းနိုင်တော့ဘူး ... မင်း ပျော်ပြီလား။ ဘာဖြစ်လို့လဲ .... ဘာဖြစ်လို့ မင်း သူ့ကို လက်မလွှတ်ပေးနိုင်ရတာလဲ။...."

အခုချိန်မှာ လက်ထဲဓားသုံးချောင်းကိုင်ပြီး ကုယျန်ရှန်းကို အပေါက်ခြောက်ပေါက်နဲ့ သတ်ပစ်ဖို့ ထျန်ရှုံး မစောင့်နိုင်တော့ပြီ။ နျဲ့နျန် အရင်အတိုင်းပြန်ဖြစ်ဖို့ သူအများကြီးကြိုးစားခဲ့ရသည် ... ၊ အခု ဖြည်းဖြည်းချင်း ပြန်ကောင်းလာကာမှ ဒီခွေးကောင်ကြောင့် ထက်ပြီး ထိခိုက်ရပြန်ပြီ .....။

"ငါ တမင်ရည်ရွယ်ပြီး တွန်းခဲ့တာ မဟုတ်ဘူး။ ပြီးတော့ သူ့ခြေထောက် .... သူ့ခြေထောက်ပြန်ကောင်းလာဖို့အတွက် အတော်ဆုံးဆရာဝန်ကို ငါရှာမယ် ..."

"မင်းရဲ့အကူအညီကို ငါမလိုဘူး။ အတော်ဆုံးဆရာဝန် ဆိုတာမျိုးကို ငါက ရှာလိုက်မယ် "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now