အခန်း(၁၀၁) ငါ သူ့ကိုမုန်းတယ်... အဲ့ဒါသူငါ့ကိုတင်နေတဲ့အကြွေးပဲ

16.9K 2.6K 737
                                    

"ဝမ်နျဲ့နျန် . ဓားကို ချလိုက် "

"ဘာလဲ ငါ့ကို သနားနေတာလား။ ကုယျန်ရှန်း "

ဝမ်နျဲ့နျန်က ကုယျန်ရှန်းရဲ့ ထိတ်လန့်နေတဲ့အမူအရာကိုကြည့်ပြီး ရုတ်တရက်ပြုံးကာ မေးလိုက်သည်။

ထူးဆန်သည်။ ဒီနေ့မှာ သူမေးခွန်းအများကြီးအမေးခံနေရပေမယ့် ဘာလို့ ဝမ်နျဲ့နျန်ကိုပြန်ဖြေဖို့ အဖြေမရှိနေရတာလဲ။
သွေးတွေရွှဲနေတဲ့ ဝမ်နျဲ့နျန်ရဲ့ ပုံစံက သူ့ကိုမွန်းကြပ်စေတယ်။ လည်းပင်းမှာတေ့ထားတဲ့ ဓားကို စိုက်ကြည့်မိနေပြီး တစ်စုံတစ်ရာကိုပြန်ပြောဖို့ ဖြစ်တည်လာတဲ့ ခံစားချက်အစိုင်အခဲတစ်ခုက နှုတ်ခမ်းဖျားနားရောက်သွားရင် နေရောင်နဲ့ထိမိလို့ ပျော်ဝင်သွားတဲ့ နှင်းဆိုင်နဲ့တူသွားတယ်။

"ငါနေမကောင်းဖြစ်ပြီး ပင်ပန်းနေပြီ ကျေးဇူးပြုပြီး ကုမိသားစုကနေ ထွက်သွားဖို့ ခွင့်ပြုပေးပါ။ ငါ့ကို ထွက်သွားခွင့်ပေးပါ ကုယျန်ရှန်း ...။
ငါ အခု ကွာရှင်းချင်ရုံပါ ကွာရှင်းပြီး ဒီလှောင်အိမ်ကနေ ထွက်သွားချင်ရုံပါ၊
ငါက ပိတ်မိနေခဲ့တာ အိမ်ထောင်ရေးလို့ခေါ်တဲ့ လှောင်အိမ်ထဲမှာ ပိတ်မိပြီး ငါ့ကို ရူးသွပ်သွားစေတာ "

"ငါ တကယ် ရူးတော့မယ် "

လည်ပင်းနားက ဓားက အသားနဲ့ထိကပ်ပြီး သွေးတွေတောင် စီးကျလာသည်။

"ဝမ် နျဲ့နျန် !"

ဝမ်နျဲ့နျန်လည်ပင်းက စီးကျလာတဲ့ သွေးတွေကိုကြည့်ပြီး ကုယျန်ရှန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေသည်။
အနည်းငယ်လေးပဲ သူလှုပ်မိရင် ဓားက ဒီထက်ပိုပြီးများ နစ်ဝင်သွားမှာလား။
လေးလံလွန်းလှတဲ့ အသက်ရှူသွင်းခြင်းက ရင်ဘတ်ထဲမှာ တင်းကြပ်သွားစေသလို သွေးကြောတွေယှက်ဖြာနေတဲ့ သူ့မျက်ဝန်းအိမ်မှာ နာကျင်မှုတို့ က ရစ်ခွေလို့နေသည်။

"တော်တော့ ဓားကိုချလိုက်တော့ ငါ သဘောတူတယ် ကွာရှင်းဖို့ကို သဘောတူတယ်။ !"

ဘယ်လိုမှ မတတ်သာတော့တဲ့ အခြေအနေတစ်ခုအတွက် စိုးရိမ်မှုတွေသာ ကြီးစိုးနေပြီး ဒီလိုဖြစ်လာတဲ့ အခြေအနေတစ်ခုကိုလည်း မယုံကြည်နိုင်သည်အထိ အံ့ဩခြင်း ဖြစ်ရသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now