အခန်း(၁၃) ဂီတပွဲတွင်တွေ့ဆုံခြင်း

10.5K 1.6K 18
                                    

ထျန်ရှုံး ချိန်းထားတဲ့နေရာကိုအရင်စောရောက်နေခဲ့သည်။ သူက ဘေးဘီကိုခေါင်းတစ်ပတ်လည်အောင်ကြည့်လိုက်ပြီး သူ့ရဲ့အင်္ကျီကိုသေချာပြန်ပြင်ကာ ဆံပင်ကိုလည်း ဟန်ပါပါသပ်တင်လိုက်သည်။

"ထျန်ရှုံး "

သူ့ရဲ့ပြင်ဆင်ခြင်းအပြီးမှာပဲ တိတိကျကျကြားလိုက်ရတဲ့အသံကြောင့် ထျန်ရှုံးအနောက်ကို လှည့်ကြည့်လိုက်သည်။

"နန်နန် ရောက်လာပြီလား။"

ထျန်ရှုံးက အနာက်ကနေလှမ်းခေါ်လိုက်တဲ့ ဝမ်နျဲ့နန်ကိုလှည့်ကြည့်ပြီး ပြုံးဖြီးဖြီးလုပ်ကာမေးလိုက်သည်။

ဝမ်နျဲ့နန် သူ့ရှေ့က ပြုံးဖြီးဖြီးလုပ်ပြီး အရူးတစ်ယောက်လို တခွီခွီရယ်နေတဲ့ ထျန်ရှုံးကို အနားမရောက်ခင်ကတည်းက တွေ့လိုက်တာ။ သူက ရယ်လိုက် ခနကြာ အဝတ်အစားကိုပြုပြင်လိုက် ထပ်ပြီးအရူးလိုပြုံးလိုက်နဲ့ တကယ်လည်း ဖြတ်သွားဖြတ်လာလူတွေ ကြည့်မိရင် သူ့ကို အရူးလို့ ထင်ကြမှာသေချာသည်။

ပြပွဲအချိန်က အခုထိစဖို့လိုနေတာမို့ ဝမ်နျဲ့နန် နဲ့ ထျန်ရှုံးတို့ အပြင်ဘက်ကထိုင်ခုံနေရာတွင်ခနထိုင်ပြီး စကားတွေပြောရင်း ရယ်မောနေကြသည်။

ပြပွဲစပြတော့ လူတိုင်းက သီချင်းသံမှာပဲ စီးမျောရင်း ငြိမ်သက်စွာနားထောင်နေကြသည်။ ဝမ်နျဲ့နန်လည်း ထို့နည်းတူစွာပင်။ သီချင်းသံဆုံးသွားတော့ ဝမ်နျဲ့နန်တစ်ယောက် ဘယ်လောက်တောင်မှ သီချင်းသံထဲမှာ နစ်မြောသွားသည်မသိ သူတောင်သတိမထားမိလိုက်ဘဲ သူ့ပါးထက်မှာ မျက်ရည်တွေက စီးကျနေခဲ့သည်။

ဘေးနားက ထျန်ရှုံးက ဝမ်နျဲ့နန် မျက်ရည်တွေကျနေတာတွေ့တော့ သူ့အိတ်ထဲက တစ်ရှူးကိုထုတ်ပြီးပေးလိုက်သည်။ သူ တစ်ခုခုပြောဖို့ ရည်ရွယ်ပြီး သူ့ခေါင်းကို ဝမ်နျဲ့နန်ဘက်သို့ လှည့်လိုက်သည်။ သို့ပေမယ့် သူသတိထားမိလိုက်သည်က သူတို့အရှေ့တန်းတွင် ထိုင်နေသည့် လူနှစ်ယောက် ။

' မျက်စိမမှားဘူးဆိုရင် သူက ကုယျန်ရှန်းဆိုတာ သေချာသည်။ '

နောက်ထပ်ရင်းနှီးနေတဲ့သူက ကုယျန်းရှန်းဘေးမှာထိုင်နေပြီး ထိုသူ စကားပြောဖို့ ကုယျန်ရှန်းဘက်အလှည့် အနောက်ကထျန်ရှုံးကလည်း ကိုယ်ကိုရှေ့နည်းနည်းကိုင်းပြီး မျက်လုံးကို စွေကြည့်လိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now