အခန်း(၁၄၄) ငါ့ကိုကယ်တင်ခဲ့တဲ့သူက မင်းဖြစ်နေတာလား။

6.9K 1.1K 161
                                    

အခန်း(၁၄၄) ငါ့ကို ကယ်တင်ခဲ့တဲ့သူက မင်းဖြစ်နေတာလား။ ...

ကုယျန်ရှန်းက ကားကို လမ်းဘေးတွင်ရပ်ပြီး ကားပေါ်မှဆင်းကာ လမ်း၏တစ်ဖက်တွင်ရှိနေသော အထက်တန်းကျောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ အတိတ်ပုံရိပ်တွေက သူ့မျက်ဝန်းထဲ လင်းလက်လာပြီး သူက ထိုမှလှည့်ထွက်ကာ ကျောင်းအနောက်ဘက်ရှိ လမ်းကြားဆီသို့ ဦးတည်လိုက်သည်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ လမ်းကြားထဲသို့ တစ်ဖန်ပြန်ပြီးရောက်သွားခဲ့ချိန်မှာ ကုယျန်ရှန်းက လမ်းဘေးအစွန်လေးမှာ လဲလျောင်းနေရင်း အကူအညီရဖို့အတွက် အော်ဟစ်တောင်းခံနေတဲ့ သူ့ရဲ့ပုံစံကို ကိုယ်တိုင်ပြန်မြင်လိုက်ရသလို တွေဝေငေးမောကာ ရပ်ကြည့်နေခဲ့သည်။

လက်တစ်ဖက်က ထိုလမ်းကြားဘေးနေရာကျဉ်းလေးရှိ အဆောက်အဦး၏အစွန်အဖျားနေရာကို လှမ်းကိုင်မိတော့ မျက်ဝန်းထဲပေါ်လာသည့် အထင်းသားကျန်နေခဲ့တဲ့ ကိုက်ရာကြောင့် စိတ်ထဲထင့်ကနဲဖြစ်သွားခဲ့သည်။

ဒီမှာဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို သူအိမ်မက်မက်နေခဲ့တာ နှစ်တွေများစွာမှာ မရေမတွက်နိုင်အောင်ပင် ရှိတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေပလပွနဲ့ဖြစ်နေပေမယ့် ပြန်ပေးဆွဲသမားတွေဆီက လွတ်အောင်ပြေးထွက်လာခဲ့ပုံတွေ ...

'ဂီတနုတ်ပုံလည်စွဲနဲ့ ..... နူးညံ့တဲ့ခေါ်နေသံ .... ဖြူလွှလွှနောက်ကျောပြင်တစ်ခုက .... သူ့အိမ်မက်ထဲ အမြဲပါဝင်နေခဲ့သည်။

ကုယျန်ရှန်းက သူသတိလစ်ပြီးမေ့မြောနေခဲ့တဲ့ နေရာသို့လျှောက်သွားပြီး ထိုနေရာနားတွင် ဒူးထောက်ချလိုက်ကာ သူ့ကျောက အနောက်ဘက်တွင်ရှိနေတဲ့စင်ကိုမှီထားရင်း ထိုင်လိုက်သည်။ ထို့နောက် သူအရင်တုန်းက ပြုလုပ်ခဲ့တဲ့အတိုင်း လည်ဆွဲကိုထုတ်ကာ နေမင်းရှိရာသို့ဦးတည်၍ ကိုင်မြှောက်ထားခဲ့သည်။

ရုတ်တရက်ဆိုသလိုပဲ သူ့ခေါင်းထဲသို့ နာကျင်မှုတွေက စူးစူးနစ်နစ်ကို တိုးဝင်လာခဲ့ပြီး အိမ်မက်ထဲမှာတောင် မပါဝင်ခဲ့တဲ့ များစွာသောပုံရိပ်တွေကလည်း သူ့စိတ်ထဲ ထင်ဟပ်လာခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now