အခန်း(၁၁၃) စန္ဒရားတီးတာကို လက်မလျော့လိုက်ပါနဲ့...

11.3K 2K 126
                                    

စန္ဒရားတီးတာကို လက်မလျော့လိုက်ပါနဲ့

"သူ့ကိုသတ်လိုက် ။ သူ့လိုအသုံးမဝင်တဲ့လူမျိုးက သေသွားလို့လည်း ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး။"

"ဝမ်နျဲ့နျန် မင်း သေသွားတာနဲ့ မင်းလွတ်လပ်ပြီ။ ငရဲကိုသာ သွားတော့။.."

"သူ သေသေရှင်ရှင် ငါနဲ့ ဘာမှ မဆိုင်ဘူး။...."

'အား ..'

ကျယ်လောင်စူးရှသောအော်ဟစ်သံတစ်ခုနှင့်အတူ အိပ်ရာပေါ်ရှိလူသည် အိပ်နေရာမှနိုးလာခဲ့သည်။ ကြောက်လန့်မှုတွေက သူ့မျက်ဝန်းနဲ့အပြည့်ဖြစ်နေပြီး ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ရှိနေတဲ့ ရင်ဘတ်နှင့်အတူ မောဟိုက်နေသော အသက်ရှူသံနှင့် နဖူးတွင်လည်း အေးစက်နေသော ချွေးစေးများ ဖုံးလွှမ်းနေသည်။

အိပ်နေရာမှ ဖြည်းညင်းစွာထထိုင်လိုက်ပြီး ဝမ်နျဲ့နျန်က ကိုယ်ကိုကွေးကာ သူ့လက်မောင်းတွေနဲ့ ပွေ့ဖက်ထားခဲ့သည်။ ကြာမြင့်သောအချိန်တစ်ခု ကုန်ဆုံးသွားပြီးမှ ဝမ်နျဲ့နျန်က အိပ်ရာမှထပြီး သူ့ရဲ့ညအိပ်ဝတ်စုံကိုယူကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ရေဇလုံက ရေများဖြင့် ပြည့်နေသည်။ ဝမ်နျဲ့နျန်က သူ့ကိုယ်ကို ရေထဲနစ်ဝင်စေလိုက်ပြီး မျက်လုံးတွေကို မှေးမှိတ်ထားလိုက်သည်။ သူ့မျက်လုံးတွေကို ပြန်ပြီးဖွင့်လိုက်တဲ့အခါ သူ့မြင်ကွင်းထဲတွင် ရေချိုးဇလုံ၏အပြင်ဘက်တွင် ရပ်နေသော ကုယျန်ရှန်းကို ရုတ်တရက်မြင်လိုက်ရသည်။

"အဟွတ် အဟွတ် အဟွတ်.."

ရုတ်ချည်းဆိုသလို ရေထဲနစ်နေရာမှလျင်မြန်စွာထလိုက်သောကြောင့် ရေမွန်းသွားခဲ့ပြီး ဝမ်နျဲ့နျန်က သိပ်ပြီးဂရုမစိုက်နိုင်ဘဲ သူမြင်လိုက်ရသည့် မြင်ကွင်းက အစစ်အမှန်ဖြစ်နေသလားဆိုတာကိုသာ ထိတ်လန့်မှုများဖြင့် လိုက်ကြည့်နေခဲ့သည်။ ကုယျန်ရှန်းကိုမတွေ့တော့မှ တောင့်တင်းနေခဲ့သည့် သူ့ခန္ဓာကိုယ်လည်း ပြေလျော့သွားခဲ့သည်။

'ငါ တကယ်ကို သွေးလေခြောက်ခြားပြီး ကယောင်ကတမ်းတွေမြင်နေတာပဲ.'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Tahanan ng mga kuwento. Tumuklas ngayon