အခန်း(၆၃) နောက်ဆုံးတော့ သူပြန်နိုးလာခဲ့ပြီ။

12.2K 1.7K 177
                                    

မစ္စလုနဲ့ ကျိုးယွမ်ဖုန်းတို့ လေဆိပ်ကနေအိမ်ရောက်တော့ အချိန်က နှစ်နာရီတောင်ထိုးနေပြီဖြစ်သည်။

ဦးလေးရှီက လုယွင်ပြန်လာတာမြင်တော့ တံခါးဝမှာထွက်ကြိုပြီး စိတ်မချမ်းမြေ့စွာဖြင့် နျဲ့နန်ကို သွားကြည့်ဖို့ပြောလိုက်သည်။

"သခင်မကြီး နောက်ဆုံးတော့ ရောက်လာပြီပေါ့။ မဒမ်ကို သွားကြည့်ပါအုံး။"

"နျဲ့နန် ဘယ်လိုနေလဲ။ သတိပြန်ရလာပြီလား။"

"မရသေးပါဘူး။ ဒေါက်တာလင်းက လာစစ်ဆေးပေးသွားပြီး မဒမ်မှာ စိတ်ပင်ပန်းမှုတွေ စိတ်ရှုပ်ထွေးစေတဲ့ ကိစ္စတွေနဲ့ အိပ်ရေးမရှိတာတွေကြောင့် အားအရမ်းနည်းနေတယ်လို့ ပြောသွားတယ်။ ပြီးတော့ အကြာကြီးလည်းမေ့နေမယ် ဆိုပြီး ပြောသွားတယ် "

ဦးလေးရှီရဲ့စကားဆုံးတာနဲ့ လုယွင်အိမ်ပေါ်ထပ်သို့ ချက်ချင်းတက်သွားခဲ့သည်။ ကျိုးယွမ်ဖုန်းလည်း သူ့လက်ထဲက ခရီးဆောင်အိတ်ကို ဦးလေးရှီကို ကမ်းပေးပြီး လုယွင်အနောက်သို့ လိုက်သွားခဲ့သည်။

လုယွင်အခန်းတံခါးဖွင့်ပြီး အိပ်ရာဘေးနားသို့ လျှောက်သွားသည်နှင့် ဖြူဖက်နေတဲ့ မျက်နှာအပြင် မျက်ခုံးမှာလည်း ဒဏ်ရာရ​​နေတဲ့ ဝမ်နျဲ့နန်ကိုကြည့်ပြီး မြင်နေရရုံနဲ့တင် မွန်းကြပ်စရာကောင်းလွန်းလို့ သူ အတော်ကို ထိတ်လန့်သွားခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ။ အရင်တစ်ခါတွေ့တုန်းကတောင် ဒီလောက်ထိမဟုတ်သေးဘူး။ ဘယ်လိုဖြစ်လို့ သူ့ရဲ့စိတ်က ဒီလောက်ထိ အားနည်းသွားရတာလဲ။
ဒီဒဏ်ရာကရော ယျန်ရှန်းကြောင့် ဖြစ်ခဲ့တာလား။"

"ဟုတ်ပါတယ် ။ အင်တာနက်မှာ ပြန့်သွားတဲ့ ဓာတ်ပုံကြောင့် မစ္စတာက မြေအောက်ခန်းထဲမှာ ပိတ်ထားခဲ့တာပါ။ "

" မြေအောက်ခန်း ?! ... သူ ရူးသွားပြီလား။
နျဲ့နန် အမှောင်ကြောက်တာကို သိသိရက်နဲ့ ဒီလိုအလုပ်မျိုးကို သူက လုပ်ရဲတယ်လား။
အဲ့ဒီ ခွေးကောင် အခု ဘယ်မှာလဲ။ အခုချက်ချင်း ခေါ်လိုက်"

"မစ္စတာ အိမ်မှာမရှိပါဘူး။ မနေ့ညကတည်းက အပြင်ထွက်သွားတာ အခုထိပြန်မရောက်သေးဘူး။ ဖုန်းလည်း ဆက်လို့မရဘူး။ "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now