အခန်း(၇၈)ပြင်းရှသော ရှာလကာရည် အရသာ

10.6K 1.4K 63
                                    

"ယျန်ရှန်း !"

ကြည်သာရွှင်မြူးနေသော အသံက ဖုန်းခေါ်ဆိုမှု၏အပြီး၌ ထွက်ပေါ်လာသည်။

"ယျန်ရှန်း မနက်ဖြန်ကျရင် စန္ဒရားကို ငါ့ဆီပို့ပေးလို့ရမလား။ ပြီးတော့ ငါလည်း မင်းကို နည်းနည်းလွမ်းနေပြီ။"

" ငါ မနက်ဖြန် မင်းဆီကိုလာခဲ့မယ်လေ။ စန္ဒရားလည်း ပို့ခိုင်းလိုက်မယ်။" စင်ပေါ်က သေတ္တာဘူးလေးကိုကြည့်ရင်း ကုယျန်ရှန်းက နူးညံ့စွာ ပြန်ဖြေလိုက်သည်။

"တကယ်လား။ ကောင်းလိုက်တာ"

နောက်ဆုံးတော့ ကုယျန်ရှန်းဆီမှ သူ့ကိုလာတွေ့မယ် ဆိုတဲ့စကားကိုလည်းကြားလိုက်ရပြီး ချန်းလုံအန်း၏ မျက်နှာက ကျေနပ်ပြုံးများဖြင့် ဝေဆာသွားသည်။

"ငါ အခု ပြိုင်ပွဲအတွက် ကြိုပြီးလေ့ကျင့်ဖို့ စာအုပ်တွေဖတ်နေတယ်။ မနက်ဖြန်ကျရင် စာအုပ်လည်း သွားဝယ်ချင်လို့ မင်း ငါနဲ့အတူ လိုက်ပေးလို့ရမလား။ "

"ရတာပေါ့ မင်း ဖြစ်ချင်တာအားလုံး ငါလုပ်ပေးမယ် "

"ဒါဆိုရင် မင်းကြိုက်တဲ့ဟင်းတွေချက်ပြီး အိမ်မှာစောင့်နေမယ်နော် "

"....."

တိတ်ဆိတ်မှုများနဲ့ ပြန်ပြီးအမှောင်ကျသွားတဲ့ ဖုန်းစခရင် ကို အချိန်အကြာကြီး ငေးကြည့်နေသည်။
နဖူးထက်သို့ ပုံပျက်ကာကျလာသော ဆံနွယ်တစ်ချို့ကို အနောက်သို့ပြန်သပ်တင်ပြီး ဆိုဖာသို့မှီကာ ထိုင်ချလိုက်ပြီး
ခံစားမှုများ အလျင်းမရှိသော မှိုင်းညို့ညို့မျက်ဝန်းများဖြင့် တံခါးရှိရာသို့ အသိမဲ့စွာ ငေးကြည့်နေမိသည်။

***

ထမင်းစားပြီးနောက် ဝမ်နျဲ့နျန်က ဧည့်ခန်းထဲမှာထိုင်ပြီး တီဗီကြည့်နေသည်။ remote ကို ကိုင်ထားပြီး တီဗီလိုင်းတွေကို တစ်ခုပြီးတစ်ခု ပြောင်းနေရင်း သုံးဆယ့်ကိုးကြိမ်မြောက် စန္ဒရားပြိုင်ပွဲကို M နိုင်ငံမှာကျင်းပမည့် အကြောင်းကို ကြော်ငြာနေသည့် အစီအစဉ်သို့ ရောက်သွားသည်။

ထိုပြိုင်ပွဲမှာယှဉ်ပြိုင်ရမယ့် လူတွေအားလုံးက ပြိုင်ပွဲအတွက်သေချာရွေးချယ်မှုတွေပြုလုပ်ပြီးမှ ဝင်ပြိုင်ခွင့်ရကြသူများ ဖြစ်ကြသည်။ အကုန်လုံးက သူတို့ရဲ့လိုအပ်ချက်တွေကို သေချာကြသူတွေဖြစ်ပြီး ပြိုင်ပွဲဝင်တဲ့ အများစုမှာလည်း အသက်ငယ်ပြီး မရေမတွက်နိုင်တဲ့ အရည်အချင်းတွေနဲ့ အောင်မြင်နေကြသူတွေဖြစ်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now