အခန်း(၁၁၂)ကြာမြင့်နေပြီဖြစ်တဲ့ ကွာရှင်းခြင်းကို ဘယ်လိုရှင်းလင်းမှာလဲ။

11.6K 1.9K 188
                                    

ဖုန်းထဲက ရှာဖွေမှုအများဆုံးသတင်းခေါင်းစဉ်တွေနဲ့ အကြောင်းအရာတွေကိုကြည့်ပြီးနောက် သိပ်ကိုရက်စက်လွန်းလှတဲ့ ရည်ရွယ်ချက်တွေကို ဝမ်နျဲ့နျန် ခံစားမိလိုက်သည်။

'သေချာတာပေါ့ သူ့ရဲ့ တွေးထင်ချက်က မှန်ခဲ့သည်လေ။ ဒီ ချန်းလုံအန်းက ဒီထက်ပိုပြီး စောင့်နေဖို့ သည်းမခံနိုင်တော့ဘူး။ သတင်းအကြောင်းအရာတွေနဲ့ သတင်းခေါင်းစဉ်တွေတိုင်းက ကုယျန်ရှန်းမွေးနေ့ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ အတိုင်းပဲ။ ချန်းလုံအန်းက ကွာရှင်းတဲ့အကြောင်းကိုကြေညာဖို့ ကုယျန်ရှန်းကို ဖိအားပေးနေတာ'

ကွာခြားသွားသည်က ဒီတစ်ကြိမ်တွင်တော့ ထိုသတင်းတွေကို ဝမ်နျဲ့နျန်က အပြင်လူတစ်ယောက်ပမာ ဖတ်ရှုခဲ့ခြင်းပင်။

ထိုသတင်းတွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့လျက်ရှိနေပြီး လူအများကြားတွင် စိတ်ဝင်စားစရာတစ်ခုအဖြစ် အလေးထားသိချင်စရာ ကိစ္စတစ်ခုဖြစ်လာသည်။ အနုပညာရှင်တွေရဲ့ အတင်းအဖျင်းသတင်းတွေနဲ့ ယှဉ်ပြီး netizen တွေက ဤကဲ့သို့သော လူကုံထန်မိသားစု၏ အရေးအခင်းတွေကိုလည်း ပိုပြီး စိတ်ဝင်စားကြသည်။ ဒီတစ်ခေါက်တွင်တော့ လူကုံထန်ဟူသည်ကို မဆိုထားနှင့် အခု ဒီလိုအကြောင်းအရာမျိုးမှာ ပါဝင်ဖော်ပြခြင်းခံရတဲ့ လူကုံထန်က သာမန်လူတွေတော့ မဟုတ်။
တစ်ဦးက ကုအဖွဲ့အစည်း၏ ဥက္ကဌ ၊ စီးပွါးရေးလောကတွင် ဘုရင်တစ်ဆူလို ဩဇာလွှမ်းမိုးနိုင်သူ။ ကျန်တစ်ဦးက ထျန်ရှုံး ၊ လတ်တလောတွင် နာမည်ကြီးနေတဲ့ ရုပ်ရှင်ကားနဲ့ ရုပ်မြင်သံကြားမှထုတ်လွှင့်သည့် ဒရမ်မာဇာတ်ကားများအတွက် သီချင်းတွေရေးသားပေးနေရပြီး သီချင်းရေးဆရာနတ်သားလေး ဟု သမုတ်ခံနေရသူ။

ထိုကဲ့သို့ အစစအရာရာမှာ လုံးဝအတိကွဲပြားခြားနားနေသော လူနှစ်ယောက်က တူညီတဲ့အချိန်မှာ တူညီတဲ့ လူတစ်ယောက်အပေါ် ချစ်မိကြသည်တဲ့။ ဘယ်လိုလုပ်ပြီးများ အင်တာနက်ပေါ်မှာ စိတ်လှုပ်ရှားစရာအဖြစ် ဂယက်မထဘဲ နေစိမ့်မလဲ။

[သတင်းကြီးကို ကြည့်စမ်းပါအုံး သူတို့ပြောထားတာ လွန်ခဲ့တဲ့သုံးရက်က မစ္စကုက ပျောက်နေခဲ့တာတဲ့။ သူက ထျန်မိသားစုက သခင်လေးနဲ့ ထွက်ပြေးသွားတာများ မဖြစ်နိုင်ဘူးလား။ သူတို့လို လူကုံထန်အသိုင်းအဝိုင်းတွေက သိပ်ကို ရွှင်မြူးနေကြသလားပဲ။ ]

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now