အခန်း(၁၃၂) မင်းက ငါ့ကိုရွံမုန်းရအောင် လုပ်တယ်

12.6K 1.7K 206
                                    

အခန်း(၁၃၂) မင်းက ငါ့ကို ရွံမုန်းရအောင် လုပ်တယ်။

သူ့နှုတ်မှရုတ်တရက်ထွက်သွားသော စကားကိုကြားပြီး ဝမ်နျဲ့နျန်၏တစ်ကိုယ်လုံးတောင့်တင်းသွားကာ ဆေးထည့်ပေးနေသောလက်သည်လည်း ထိတ်လန့်မှုကြောင့် အနာပေါ်သွားဖိမိသွားသည်။ ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့လက်ကို ရုတ်တရက်ဖမ်းဆွဲထားလိုက်ပြီး တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။

"မင်း ..... မင်း အခုဘာပြောလိုက်တာလဲ ! မင်းက ထျန်ရှုံးရဲ့ နာမည်ကို ဘယ်လိုတောင် ခေါ်ရဲရတာလဲ !"

ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ခက်ထန်နေသောမျက်ဝန်းတို့မှာ အေးစက်မှုကို အပြည့်ဖြစ်နေသည်။ ဝမ်နျဲ့နျန်က ကုယျန်ရှန်းဖမ်းဆွဲထားရာမှ ရုန်းထွက်ပြီး မတ်တပ်ထရပ်ဖို့ ရုန်းကန်နေပေမယ့် တစ်ဖက်က တင်းမာလွန်းသည့်အားကြောင့် သူဘယ်လိုမှ မရုန်းနိုင်ခဲ့။

"ငါ့ ကိုလွှတ် "

ကုယျန်ရှန်းက ဝမ်နျဲ့နျန်အနားပိုတိုးကပ်ကာ မျက်ဝန်းတွေအား တည့်တည့်မတ်မတ်စိုက်ကြည့်လိုက်သည်။

"မင်းနှုတ်က သူ့နာမည်ကို လျှောလျှောရှူရှူ ထွက်လာတဲ့အထိဆိုတော့ .... မင်းတို့ဆက်ဆံရေးက သိပ်ကိုနီးစပ်နေတယ် ထင်ရတယ်နော် ... "

အံကိုကြိတ်ထားရင်းဖြင့် ကုယျန်ရှန်း မေးလိုက်သည်။

"မင်း ကိစ္စမဟုတ်ဘူး ... ငါ့ကို လွှတ် !"

"မင်းက ငါ့ကိုကျ ဒီလိုမျိုးတုံ့ပြန်တယ်ပေါ့ ...! မင်းကို ထိလို့တောင် မရနိုင်တော့ဘူးလား !"

ဝမ်နျဲ့နျန်အဖို့ ထျန်ရှုံးရဲ့နာမည်ကို တိုက်ဆိုင်စွာခေါ်လိုက်မိသည်က ထျန်ရှုံးဒဏ်ရာရလာတိုင်း သူက ဝမ်နျဲ့နျန်ဆီပြေးလာပြီး သူ့ကိုဆေးထည့်ပေးဖို့ သနားဖွယ်ကောင်းအောင် ပြောလေ့ရှိသောကြောင့်ဖြစ်သည်။ ထျန်ရှုံးနဲ့ ကုယျန်ရှန်း ရန်ဖြစ်တိုင်း ဝမ်နျဲ့နျန်မှာ အမြဲတမ်း ဆေးထည့်ပေးရသည်။

သိပ်မကြာခင်အချိန်တုန်းက ဝမ်နျဲ့နျန်ခြေထောက်ဒဏ်ရာရထားတာကြောင့် ထျန်ရှုံးက စတူဒီယိုတစ်ဖက်နဲ့ ဝမ်နျဲ့နျန်ခြေထောက်ပြန်ကောင်းလာဖို့ကို ဂရုစိုက်ပေးခဲ့ရသည်။ ရလဒ်အနေဖြင့် သွေးတွင်းသကြားဓာတ်နည်းပြီး လှေကားပေါ်တွင်မူးလဲကျရာမှ ထျန်ရှုံးရဲ့ လက်နဲ့ ဒူးခေါင်းမှာ ပွန်းပဲ့ရာ တွေရသွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now