အပိုင်း(၇၉)မင်းကငါ့ကို ကိုက်ရဲတယ်ပေါ့

9.6K 850 7
                                    

(၇၉)ရဲ့ အောက်ပိုင်းအဆက်နော် ... ဖတ်မရတဲ့ အဒါလေးတွေအတွက် ။

___________________________________
______________________

တုံ့ပြန်ခြင်းမရှိသည့် တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြားမှာ အချိန်အကြာကြီးယူခဲ့သည်။

စကားလုံးလေးတွေစီတန်းနေချိန် ကုယျန်ရှန်း၏နှုတ်က တစ်စုံတစ်ရာကြောင့် ပြောဖို့ရန် ခက်ခဲနေသည်။ ထိုမျက်ဝန်းတွေ . ထိုအကြည့်တွေ . ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးနဲ့ ကုယျန်ရှန်း၏ လှုပ်ရှားမှုအားလုံးကို ရပ်တန့်စေခဲ့သည်။

မျက်သားဖြူဖြူ၏ထောင့်နားလေးက နီရဲလာပြီး မျက်ခမ်းထောင့်နားသို့ ရစ်သိုင်းသွားသော မျက်ရည်ကြည်များက မိုးဉများကဲ့သို့ စုသွားချိန် တောက်ပလွန်းသည့်မျက်ဝန်းအိမ်အား ပိတ်ခါဖွင့်ခါဖြင့် အကြိမ်များစွာလှုပ်ရှားနေသော မျက်ခွံက ကြောက်လန့်မှုကြောင့် ဖြစ်ပေါ်လာကြောင်း ဖော်ပြနေသည်။

"ငါ့ကို . . . မြေအောက်ခန်းထဲမှာ မပိတ်ထားပါနဲ့ နော် ။ "

ဝဲသီနေသည့် မျက်ရည်ဉများက သူ၏ခြေထောက်ပေါ်သို့ တောက်ကနဲစီးကျသွားသည်။

သူ့ရဲ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လာပြီး ထိတ်လန့်မှုများ စွဲကပ်နေသော တောက်ပသည့်မျက်ဝန်းများက သူ့အား မျှော်လင့်ကြီးစွာ စိုက်ကြည့်လာသည်။

' မြေအောက်ခန်းမှာ ပိတ်ထားမယ်? '

ဝမ်နျဲ့နျန်၏မျက်ဝန်းထဲမှ ကြောက်လန့်မှုနဲ့ တုန်ရီနေတဲ့ ခန္ဓာကိုယ်က ကုယျန်ရှန်းအား အတွေးများဖြင့် တွေဝေသွားစေသည်။ မျက်လုံးလေးကို အနည်းငယ်လောက်လေး ပင့်ကြည့်ရင်ပင် မြင်နိုင်သည့် နဖူးထက်က ဒဏ်ရာကိုကြည့်ပြီး ကုယျန်ရှန်းက ဝမ်နျဲ့နျန်အား ဖမ်းဆွဲထားသည်ကို လွှတ်ပေးလိုက်သည်။

ကုယျန်ရှန်းလွှတ်လိုက်သည်နှင့် ဝမ်နျဲ့နျန်က ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ချက်ချင်းပဲ ကုယျန်ရှန်းက သူ့လက်ကိုဆန့်ကာ ဝမ်နျဲ့နျန်အား ကူညီဖို့ပြင်လိုက်သည်။ သို့ပေမယ့် သူက လက်ကိုချက်ချင်းပဲ ပြန်ရုတ်လိုက်ပြန်သည်။ ရှုပ်ထွေးမှုတစ်ချို့က ကုယျန်ရှန်း၏မျက်ဝန်းထဲမှာ ရှိနေပြီး နောက်ဆုံးတော့ ကြမ်းပြင်ပေါ်က ဝမ်နျဲ့နျန်ကို ပွေ့ချီပြီး ဆိုဖာပေါ်သို့ တင်လိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now