"သူဒဏ်ရာရထားတာ အခုအခြေအနေက လမ်းလျှောက်လို့မရဘူး။ ဗီလာကထွက်သွားတုန်းက လမ်းမီးတွေလည်း နည်းနည်းပဲ ထွန်းထားတယ်။ နျဲ့နျန်က အမှောင်ကြောက်တာနဲ့ သူလမ်းမှာ တစ်ခုခုဖြစ်နေလိမ့်မယ်။ သူ လမ်းမှာ တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူမှာလား။ "
ကျိုးယွမ်ဖုန်းက သူ့အပေါ်ကုတ်အင်္ကျီ ကိုချွတ်နေရင်း ဘေးနားက ကျောက်ရုပ်မင်းသားကို မျက်နှာစိမ်းကြီးဖြင့် ရွှေစောင်းကာ ပြောလိုက်သည်။
'ဝမ်နျဲ့နျန်နဲ့ ပတ်သတ်ပြီး သူသေချာမှတ်မိနေတာဆိုလို့ 'သူ အမှောင်ကြောက်တတ်တာကိုပင်။ ' ဒါကြောင့် ကျိုးယွမ်ဖုန်းရဲ့ စကားတွေကိုနားထောင်ပြီး အနည်းငယ်ငြိမ်သက်နေပေမယ့် သူ့စိတ်ထဲမှာတော့ လှိုင်းပြေပြေလေးကြောင့် တုန်လှုပ်မှုဖြစ်သွားသည်။
'သူ့ ခြေထောက်ဒဏ်ရာကြီးနဲ့ ဖိနပ်လည်း မစီးထားဘဲ သူအိမ်ကိုဘယ်လိုပြန်လာတာလဲ။ ဒါ့ထက် အခုလိုဖြစ်အောင် သူ့ကို ဘယ်သူတွေ လုပ်ခဲ့တာလဲ။ သူ့ဒဏ်ရာတွေက ဘာလို့ ဒီလောက်တောင် ဆိုးဝါးနေတာလဲ။ '
ထပ်ပြီး ငြိမ်သက်စွာရပ်နေပြန်တဲ့ ကုယျန်ရှန်းကိုကြည့်ပြီး ကျိုးယွမ်ဖုန်း စိတ်တိုလာသည်။
"မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ မြန်မြန်မသွားသေးဘဲနဲ့။ "
ကားသော့ယူပြီးအပြင်သို့ထွက်သွားတဲ့ ကုယျန်ရှန်းရဲ့ ပုံရိပ်ကိုကြည့်ပြီး ကျိုးယွမ်ဖုန်းသက်ပြင်းချမိသည်။
'သူ ဘယ်အချိန်မှ ရင့်ကျက်မှာလဲ။ ဘာမှမစဉ်းစားဘဲ စိတ်ထင်တိုင်းလုပ်နေတာတွေက တစ်ချိန်သူ့ကို အများကြီး နာကျင်စေမှာကို ကြောက်မိတယ် ။'
ကုယျန်ရှန်းက မျက်ခုံးကြီးကြုံ့ပြီး ကားသော့ကိုလက်ထဲကိုင်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ဦးလေးရှီက သူ့ကားကို ယူသွားတာမို့ အခုသူ့လက်ထဲရှိနေတာက ဝမ်နျဲ့နျန်ရဲ့ black Audi ကားသော့ဖြစ်နေသည်။ သူ ကားသော့ကိုယူလိုက်သည်နှင့် သော့မှာရေးထားတဲ့ စားလုံးဆွဲချက်တွေကိုတွေ့သွားသည်။
ဆွဲချက်တွေက ဖော်ပြနေတာ 'ရှန်း' တဲ့ ။
ထိုစာလုံးကိုတွေ့ပြီး ဝမ်နျဲ့နျန်ပေးထားတဲ့ နာရီနောက်ကျောမှာလည်း သူ့နာမည်စာလုံး ရေးထားတာကို ပြန်သတိရသွားသည်။
ŞİMDİ OKUDUĞUN
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomantizmI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...