အခန်း(၁၂၁) ထျန်ရှုံးနှင့်နျဲ့နျန်၏ ဂီတဖျော်ဖြေပွဲ

12.7K 2.3K 813
                                    

ထျန်ရှုံးနှင့်နျဲ့နျန်၏ဂီတဖျော်ဖြေပွဲ
(အကုက အချစ်ကိုလည်း ဝန်ခံမယ်)

"ရှောင်နျန် ... အရင်ဆုံး စန္ဒရားတီးလေ့ကျင့်ထားလိုက်နော်"

ဒီရက်ပိုင်းတွေမှာ ဝမ်နျဲ့နျန်က အစီအစဉ်တစ်ချို့ကနေ မေးမြန်းခြင်းအစီအစဉ်မှာပါဝင်ဖို့ ဖိတ်ကြားခြင်းခံရသည်။ ကမ်းလှမ်းချက်ကိုလက်ခံပြီး အမေးအဖြေလုပ်ဖို့အတွက် ကိစ္စတွေစတင်တဲ့အခါ အသံသွင်းတဲ့နေရာက ဝမ်အိမ်နဲ့သိပ်မဝေးတာမို့ ဝမ်နျဲ့နျန်က အလုပ်ပြီးရင် ဝမ်အိမ်မှာပြန်နားဖြစ်သွားသည်။ အိမ်ပေါ်ထပ်မှ စန္ဒရားသံကိုနားထောင်ပြီး ဝမ်အဖေက စာပွဲပေါ်မှာရှိတဲ့ ဆုဒိုင်းနဲ့ ဂုဏ်ပြုလွှာတွေကို ပွတ်သပ်ကာ ထိုဆုမှာထိုးထားတဲ့ နာမည်ကို တဖွဖွရေရွတ်နေခဲ့သည်။

"ဒီလိုမျိုးတွေသာ မဖြစ်ခဲ့ရင် .... ကိုယ်တို့ရှောင်နျန်လေးက မင်းလိုပဲ အရမ်းတော်တဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်လာမှာ။ ... အခုလို နာကျင်စရာတွေမခံစားခဲ့ရဘဲနဲ့လေ ... ကိုယ်က သူ့ကို သေချာမကာကွယ်ပေးနိုင်ခဲ့ဘူး။.... "

အချိန်အတော်ကြာအောင် စန္ဒရားတီးပြီးနောက် ဝမ်နျဲ့နျန်က စန္ဒရားတီးနေတာကိုရပ်လိုက်ပြီး လည်ပင်းကိုလက်နဲ့ပွတ်သပ်ကာ နံရံကပ်စင်ပေါ်ရှိ ဝမ်အမေ၏စန္ဒရားရှေ့တွင်ထိုင်ကာ ဆုကိုကိုင်ထားပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို မော့ကြည့်လိုက်သည်။ ပုံထဲက စန္ဒရားကတော့ ကုယျန်ရှန်းကြောင့် တော်တော်များများ ပျက်စီးသွားခဲ့ပြီ .....။

အကြင်နာတရားကင်းမဲ့စွာ ဖျက်ဆီးပစ်နေသည့် ကုယျန်ရှန်း၏ပုံစံကိုလည်း ပြန်စဉ်းစားမိသွားပြီး ဝမ်နျဲ့နျန်က သူ့လက်ချောင်းတွေကို တင်းကြပ်နေအောင်ဆုပ်ထားလိုက်သည်။ ဝမ်းနည်းမှုတစ်ချို့ကြောင့် မှိုင်းညို့နေသည့် မျက်ဝန်းတို့၌ အမုန်းတရားသည်လည်း များစွာရှိနေသည်။

'ထို့ကဲ့သို့သော နာကျင်မှုမျိုးက ဒီနှစ်တွေအတွင်း သူခံစားခဲ့ရတာနှင့် လုံလောက်ပြီမို့ နောက်ထပ်သော နာကျင်မှုမျိုးကို သူမလိုချင်တော့ပြီ။ နောက်ပြီး သူ့ဆီက ချန်းလုံအန်း ယူထားတဲ့ အရာမှန်သမျှကိုလည်း ပြန်ယူရဦးမယ်။'

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now