အခန်း(၄၃) ကုယျန်ရှန်းနဲ့ မတန်ဘူး

11.7K 1.5K 63
                                    

ဝမ်နျဲ့နန်၏ ဆေးစစ်ချက် ပြုလုပ်ပြီးနောက် ထျန်ရှုံးက ဝမ်နျဲ့နန်ကို အခန်းထဲသို့ ပြန်တွဲခေါ်လာပြီး သူက ကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်ကာ သူနှစ်တွေအကြာကြီး မေ့မရနိုင်ဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော လူသားကို ငေးကြည့်လိုက်သည်။

ထိုညက ဝမ်နျဲ့နန် အိမ်မက်ဆိုးတွေမက်နေခဲ့သည်ထင်သည်။
အိပ်စက်နေပေမယ့် ဘယ်လိုအကြောက်တရားတွေကများ ဝမ်နျဲ့နန်ကို ခြောက်လှန့်နေသလဲမသိ။
မျက်ခုံးတန်းတန်းနှစ်ခုက ထိစပ်လုမတတ်တွန့်ချိုးနေပြီး ချွေးစေးတွေလည်း ပြန်နေသည်။

ထျန်ရှုံးက သူ့လက်ကိုမြှောက်ပြီး ဝမ်နျဲ့နန်ရဲ့ တွန့်ချိုးနေတဲ့မျက်ခုံးနှစ်ဖက်ကို အသာအယာဖိပွတ်ပြီး ပြေလျော့အောင် လုပ်ပေးနေသည်။

တစ်အောက်မျှကြာတော့ ဝမ်နျဲ့နန်၏ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး မျက်လုံးလည်းပွင့်လာသည်။ ထျန်ရှုံးက ဝမ်နျဲ့နန်နိုးလာတာမြင်တော့ သူ့လက်ကိုပြန်ရုတ်ပြီး အနောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်သည်။

ဝမ်နျဲ့နန်နိုးလာတော့ သူ့ရှေ့မှာ မျက်နှာကြီးနီပြီး သူ့ကိုလဲမကြည့်ဘဲ ဟိုရှောင်ဒီရှောင်လုပ်နေတဲ့ ထျန်ရှုံးကို တွေ့လိုက်ရသည်။ ထျန်ရှုံးက တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် မလုံမလဲဖြစ်နေသည့် အပြစ်မကင်းသလို ခံစားချက်ကြောင့် ဘာစကားသံမှ ထွက်မလာခဲ့ပေ။

တော်တော်ကြာတော့မှ သူက မဝံ့မရဲပြောလာသည်။

"မင်း ရေသောက်ချင်လား။ ငါ ရေခပ်ပြီး ပြန်လာခဲ့မယ် "

ထျန်ရှုံးရဲ့ ပုံစံက မဟုတ်တာတစ်ခုခု လုပ်ထားလို့ ရှောင်ပြေးနေသည့်အတိုင်းပင်။

ခနကြာတော့ ထျန်ရှုံးက လက်ထဲမှာ ရေတစ်ခွက်ကိုင်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ဝမ်နျဲ့နန်ကို ထိုင်ဖို့ ကူညီပေးပြီး ရေခွက်ကို ကမ်းပေးလိုက်သည်။

"မင်း ထပ်သောက်ချင်သေးလား။ ငါ နောက်တစ်ခွက် ထပ်ထည့်ပေးမယ် "

ထျန်ရှုံးက သူပေးလိုက်တဲ့ ရေတစ်ခွက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်တဲ့ ဝမ်နျဲ့နန်ကို ကြည့်ပြီး မေးလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now