အခန်း(၄၂) ဗီဒီယို ပျံ့နှံ့သွားခြင်း

11.3K 1.5K 50
                                    

ထျန်ရှုံးလူနာခန်းထဲ ပြန်ဝင်လာပြီး တံခါးကို ဖြည်းဖြည်းချင်းပြန်ပိတ်လိုက်သည်။

ကုတင်ပေါ်မှာလဲလျောင်းနေဆဲဖြစ်သည့် ဝမ်နျဲ့နန်က အခုထိလည်း ဖြူဖျော့ကာ အားနည်းနေပုံပေါ်နေသည်။ ထျန်ရှုံးက ဝမ်နျဲ့နန်အနား တိုးလျှောက်သွားပြီး သတိမေ့နေတဲ့ ဝမ်နျဲ့နန်၏မျက်နှာကို အသာအယာပွတ်သပ်ပေးလိုက်သည်။

စိတ်ပင်ပန်းမှုတွေက ထျန်ရှုံး၏နှလုံးသားနဲ့အပြည့်ဖြစ်လာကာ မျက်နှာတွင်ပင် ပူပင်နေသည့်အရိပ်အယောင်တို့ ထင်ဟပ်နေသည်။

ရုတ်တရက် မျက်ခုံးကြုံ့ကာ ညီးညူလာသော ဝမ်နျဲ့နန်ကြောင့် ထျန်ရှုံး ကိုယ်ကို ကိုင်းလိုက်ပြီး သေချာနားထောင်ကြည့်လိုက်သည်။

"ငါ့ကို ကယ်ပါ .... ယျန်ရှန်း .... ငါ အရမ်းနာတယ် ငါ့ကို ကယ်ပါ .... "

ထိုညီးညူသံလေးက တကယ်တော့ သိပ်ကို အားနည်းလွန်းနေပြီး တုန်ရီနေပေမယ့် ထျန်ရှုံးရဲ့ နှလုံးသားတစ်ခုလုံးကိုတော့ အေးစက်မှုကို ခံစားရစေအောင် ပြုလုပ်နိုင်သည်။
အနည်းငယ် တွန့်ချိုးသွားသော မျက်ခုံးနှစ်ဖက်နှင့် ကိုယ်ကို ကိုင်းထားဆဲ ဖြစ်​နေသည့် အခြေအနေမှာပင် တောင့်တောင့်တင်းတင်းကြီး ဖြစ်သွားပေမယ့်လို့ သက်ပြင်းကိုသာ ဖြည်းဖြည်းရှူထုတ်ပြီး ဝမ်နျဲ့နန်ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်ပေးလိုက်သည်။

"ငါက ထျန်ရှုံးပါ .... ကုယျန်ရှန်း မဟုတ်ဘူး။ "

***

ဧည့်ခန်းပွဲအခန်းအနားတွင်တော့ လူတွေအကုန်လုံးပြန်သွားကြပြီး ကုယျန်ရှန်းလည်း ချန်းလုံအန်းကို နှစ်သိမ့်ပေးပြီးနောက် အိမ်ပြန်ပို့လိုက်သည်။

စာကြည့်ခန်းထဲတွင် ကုယျန်ရှန်းက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေပြီး ကျိုးယွမ်ဖုန်းပေးတဲ့ ဖိုင်စာအုပ်က စာရင်းတွေကို စစ်ဆေးနေသည်။

သူ့မျက်လုံးတွေက တစ်နေရာတည်းမှာ အကြာကြီး ငြိမ်သက်နေပြီး
စာရင်းတွေကို စစ်နေတယ်သာ ဆိုတယ်...
ဆယ်မိနစ်ကြာပြီးသည်အထိ တစ်ဖက်စာမျက်နှာသို့ မလှန်ရသေးပေ။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Wo Geschichten leben. Entdecke jetzt