အခန်း(၁၀၀) မင်းမှာ ... ခံစားချက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး ကုယျန်ရှန်း...

16.1K 2.5K 623
                                    

"ဒါလား ဒါက ပြိုင်ပွဲမှာ ပထမဆုရလို့ဆိုပြီး ယျန်ရှန်းငါ့ကိုပေးတဲ့ လက်ဆောင်။ "

ချန်းလုံအန်းက ကုယျန်ရှန်းဘေးမှာရပ်ပြီး ဝမ်နျဲ့နျန်ကို ပြန်ဖြေလိုက်သည်။

"မင်း အတွက် ? "

'ဟာသပဲ.။'

"အဲ့လိုလား သူများရထားတဲ့လက်ဆောင်နဲ့ တစ်ခြားတစ်ယောက်ကိုလည်းပြန်ပေးလို့ရတာပဲလား"

ဝမ်နျဲ့နျန်ကိုကြည့်ပြီး ကုယျန်ရှန်းတွေးမိတာက သူရူးသွားပြီ ဟူ၍။ ဘာလို့လဲ ဝမ်နျဲ့နျန်ပြောနေသမျှစကားတွေကို သူဘာတစ်ခုမှ နားမလည်ဘူး။ ချန်းလုံအန်းကို သူလည်ဆွဲပေးလိုက်တာပဲလေ အဲ့တာက ဝမ်နျဲ့နျန်နဲ့ ဘာဆိုင်နေလို့လဲ။

"ဝမ်နျဲ့နျန် မင်းရူးနေပြီလား။ မင်း ဘာတွေ ပြောနေတာလဲ။"

"ဟုတ်တယ် .. ! ငါ ရူးနေပြီ။ မင်းတို့တွေကြောင့် ငါ ရူးနေပြီ။ "

"ငါ ရူးနေတာ မှန်တယ် မင်းတို့ဖြစ်ချင်သလို ငါရူးနေတာ အခု ငါ့နေရာကို ချန်းလုံအန်းကို ပေးလိုက်တော့။ မင်း မျက်လုံးထဲမှာ ငါက ခွေးတစ်ကောင်လောက်တောင် အဖြစ်မရှိဘူးလား။"

ဝမ်နျဲ့နျန်ရဲ့ စကားတွေကြောင့် ကုယျန်ရှန်းရဲ့ မျက်နှာကတဖြည်းဖြည်းမှုန်ကုပ်လာပြီး တိမ်မဲကြီးသူ့ခေါင်းပေါ်ရောက်နေသလို မဲမှောင်လာသည်။ သူက ဝမ်နျဲ့နျန်ရဲ့ နားမလည်နိုင်တဲ့ စကားတွေကို ပြန်ဖြေဖို့ ရှေ့တိုးလိုက်ပြီး ရုတ်တရက် သူ့မျက်လုံးထဲထင်ဟပ်လာတဲ့ ဝမ်နျဲ့နျန်ခြေထောက်ကသွေးတွေကြောင့် ဘာမှမပြောဖြစ်တော့ဘဲ မျက်ခုံးသာကြုံ့လိုက်သည်။

"မင်း ခြေထောက်ဒဏ်ရာက အရမ်းဆိုးပြီး သွေးထွက်နေတယ်။ လောလောဆယ် ဦးလေးရှီနဲ့ ဆေးရုံအရင်သွားပြီး ကောင်းအောင်ပြန်လုပ်လိုက် ။ ပြီးမှ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြန်လာပြော
ငါ့ကြမ်းပြင်လည်း သွေးတွေနဲ့ ပေကျံနေမှာ မဟုတ်တော့ဘူး။ "

"မဒမ် ဆေးရုံသွားရအောင်နော် ။ မဒမ် ဆေးရုံသွားမှ ဖြစ်မယ်။ ဆေးရုံသွားပြီးကုသမှုမြန်မြန်ခံယူမှဖြစ်မယ် မဟုတ်ရင် ဒဏ်ရာတွေပိုဆိုးကုန်တော့မယ် "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now