အခန်း(၁၂၀)အထက်တန်းကျောင်းတုန်းက သီချင်းကို ဘယ်သူက ပိုင်ဆိုင်သလဲ။

16.5K 2.4K 474
                                    

ကုကု၏ ပွင့်ထွက်လာခြင်း နံပါတ်(၂)

သီချင်းအသစ်ရေးပြီးနောက် ဝမ်နျဲ့နျန်က စန္ဒရားတွင် တီးစမ်းကြည့်နေသည်။ ဒီတစ်ခေါက် M မြို့တွင်ကျင်းပမည့် စန္ဒရားပြိုင်ပွဲတွင် သူပါဝင်ပြိုင်ဖို့ ဆန္ဒရှိနေသည်။ ထိုစန္ဒရားပြိုင်ပွဲ၌ သူ့အမေလည်း ပြိုင်ခဲ့ဖူးပြီး ဆုတွေအများကြီးကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

အင်တာနက်ပေါ်၌ သူ့ရဲ့ပုံစံအစစ်အမှန်ကိုထုတ်ဖော်ခဲ့ပြီးနောက် ယခုတွင်တော့ ဝမ်နျဲ့နျန်ရဲ့အမေ ယျဲ့ချင်းမှာလည်း ရှာဖွေခံရမှုထဲ ပါဝင်ခဲ့ရပြီး အမေယျဲ့ချင်းရဲ့ ပုံစံအပြင် အရည်အချင်းအားလုံးကိုပါ သူက အမွေဆက်ခံရရှိထားသည်' ဟု လူတိုင်းက ကောက်ချက်ချ ပြောဆိုနေကြသည်။  

ဝမ်နျဲ့နျန်က သူ့လက်ထဲက သီချင်းစာရွက်ကို အကောင်းဆုံးဖြစ်ဖို့ ထပ်ခါထပ်ခါတီးကြည့်နေပြီး နောက်ဆုံးတစ်ခေါက် ပြင်ဆင်မှုပြုလုပ်ပြီးတဲ့အခါမှ ဖိုင်အိတ်ထဲပြန်ထည့်သိမ်းလိုက်သည်။ 

ကွန်ပျူတာထဲမှ စာဝင်သံထွက်လာတဲ့အခါ ဝမ်နျဲ့နျန်က ကွန်ပျူတာက မန့်နေရာကိုကြည့်လိုက်ပြီး ဆက်စပ်နေသည့်  DAWN ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်သည်။ 

"ချစ်လှစွာသော WE ၊ ဒီဝက်ဘ်ဆိုက်မှာပြုလုပ်နေတဲ့ ဖန်တွေအတွက် တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားလို့ ရနိုင်မလား သိချင်ပါတယ်။ WE ဘက်က တစ်နာရီ၊ တစ်နာရီကျော်လောက် တိုက်ရိုက်လွှင့်ပေးပြီး ဖန်တွေမေးထားတဲ့ မေးခွန်းတစ်ချို့ဖြေပေးရင် ရပါပြီ။ အဆင်ပြေမလား။ " 』

တိုက်ရိုက်ထုတ်လွှင့်မှု။?

"ဟုတ်ကဲ့ ရပါတယ်"

"နျဲ့နျန် ... ငါပြန်လာပြီ"

စတူဒီယိုရှေ့မှ ကားသံနှင့်အတူ ထျန်ရှုံး၏တစ်ဆက်တည်းထွက်လာသော အသံကိုလည်း တံခါးဝမှ ကြားလိုက်ရသည်။ 

ထျန်ရှုံးက သူ့အပြင်ကုတ်ကိုချွတ်လိုက်ပြီး တစ်ဖက်သို့ ပစ်တင်လိုက်ကာ ဝမ်နျဲ့နျန်အရှေ့သို့ အပြေးလာပြီး ပြုံးပြသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now