အခန်း(၁၄၃) အကိုက်ခံလိုက်ရတဲ့ ကုယျန်ရှန်း
ညဘက်တွေကို အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့သည်က ကုယျန်ရှန်းအတွက် အချိန်အတော်ကြာနေခဲ့ပြီ။ ခေါင်းဒဏ်ရာရပြီးနောက်ပိုင်းမှ အိပ်ပျော်သွားရင်တောင် အိမ်မက်ဆိုးတွေက အကြိမ်များစွာမက်နေခဲ့သည်။ အခု သူ့ခေါင်းဒဏ်ရာပြန်ကောင်းသွားတာတောင် နာကျင်နေဆဲပဲ။
ကုမ္ပဏီအလုပ်တွေလက်စသတ်ပြီးနောက် ကုယျန်ရှန်း ဆေးရုံသို့ သွားခဲ့သည်။
ဆေးရုံ၌ ဝမ်နျဲ့နျန်က လူနာဆောင်ရှေ့မှာရပ်နေပြီး ထျန်ရှုံးကတော့ လူနာဆောင်ထဲက ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ထျန်ရှုံးကိုကြည့်နေတဲ့ ဝမ်နျဲ့နျန်ရဲ့ မျက်ဝန်းတွေ၌လည်း နားကျည်းမှုတွေက ပြည့်နေသည်။ ထျန်ရှုံးက တစ်ရက်တိတိမေ့မြောခဲ့ပြီး သွေးအန်ခဲ့တာကလည်း ' အပြင်းအထန်စိတ်လှုပ်ရှားသွားတာကြောင့် ' ဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။ ဒီနေ့တော့ သူ နိုးလာလိမ့်မည်။
'အကိုတစ်ယောက်လေယာဉ်ပျက်ကျသွားတဲ့အထဲ ပါသွားတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ပြီး ဘယ်လိုလုပ် ခံနိုင်ရည် ရှိအုံးမှာလဲ...'
'ဘယ်လိုကောင်ကရော စာနာစိတ်မရှိဘဲ ထျန်ရှုံးဆီ ဗီဒီယိုပို့လိုက်တာလဲ။ ဦးလေးထျန်ဆီ ဖုန်းဆက်ခဲ့တဲ့ တစ်ယောက်ကရော ဘယ်သူလဲ။ ဒါမှမဟုတ် ... လူတစ်ယောက်တည်းကပဲ လုပ်ခဲ့တာလား။'
ဝမ်နျဲ့နျန်က သူ့ဖုန်းကို ထုတ်ပြီး ' ဒီနေ့ အိမ်ပြန်နောက်ကျမယ့်အကြောင်းကို အဖေဝမ်ဆီ ဖုန်းဆက်ပြောလိုက်သည်။ သို့ပေမယ့် သူဖုန်းမဆက်ခင် ဖုန်းဖွင့်ဖွင့်ချင်းမှာတင် Weibo ၌ တင်ထားတဲ့ ချီယွဲ့အုပ်စုအကြောင်း သတင်းအသိပေးစာက ဦးစွာဝင်လာခဲ့သည်။
[ချီယွဲ့အုပ်စုရဲ့ ဥက္ကဌ ထျန်လွမ်ရွှန်းက Yaguo နိုင်ငံမှာ မထင်မှတ်ဘဲ ပျောက်သွားတယ်။ သူစီးသွားတဲ့ လေယာဉ်က ပင်လယ်ထဲပျက်ကျပြီး အခုထိကို ရှာမရဘဲ ပျောက်ဆုံးနေတယ် ... ! ချီယွဲ့အုပ်စု ပြိုလဲသွားမယ့် ကိစ္စက အခုဆို မုချမလွဲ သေချာသလောက်ကို ဖြစ်နေပြီ ]
[နောက်ဆုံးရ သတင်း ! ချီယွဲ့အုပ်စုရဲ့ မတော်တဆဖြစ်မှုမှာ ကုအဖွဲ့အစည်းလည်း ပတ်သတ်နေတယ်။ မတော်တဆဖြစ်ခဲ့တဲ့ နေ့က ကုယျန်ရှန်း Yaguo မှာ ရှိနေတာကို ဓာတ်ပုံရိုက်မိခဲ့တယ်]
YOU ARE READING
(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)
RomanceI'm not own this novel . I credit to the original author and Eng translator who allow me to translate this novel. Author - ICIYUAN动漫 English Translator - xxGirl-in-blue အချည်းနှီးသာဖြစ်သွားခဲ့ရတဲ့ သုံးနှစ်တာ ကာလအတွက် ဝမ်နျဲ့နန် ပြန်ရခဲ့တာက အေးစက်တဲ...