အခန်း(၁၂၂) ပျောက်ဆုံးခဲ့သော ဂီတနုတ်ပုံလည်ဆွဲ

14.3K 2.3K 266
                                    

အခန်း(၁၂၂) ပျောက်ဆုံးခဲ့သော ဂီတနုတ်ပုံ လည်ဆွဲ

"ကောင်းတယ် .... အရမ်းကောင်းတယ်။"

ထိုစကားဆုံးပြီးနောက် လူအုပ်ကြီးထံမှ လက်ခုတ်သံတွေထွက်မလာခင် ကုယျန်ရှန်းက ထိုလူအုပ်ကြီးကြားကနေ တိုးထွက်လာပြီး စန္ဒရားတီးနေဆဲဖြစ်တဲ့ ဝမ်နျဲ့နျန်ရဲ့ လက်ကို ဖမ်းဆွဲလိုက်သည်။

ဝမ်နျဲ့နျန်က သူ့ကိုလာပြီးဖမ်းဆွဲထားတဲ့ လက်ကိုစိုက်ကြည့်လိုက်သည်။ မျက်တောင်ဖျားလေးတွေက မသိမသာလှုပ်ခါသွားပြီး ဝမ်နျဲ့နျန်က တည်ငြိမ်နေသော လေသံဖြင့် ပြောလိုက်သည်။

"ငါ့ကိုလွှတ်"

ကုယျန်ရှန်းက လက်ကိုမလွှတ်ပေးသည်သာမက လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတဲ့ သူ့ရဲ့အားက ပိုလို့တောင် တင်းကြပ်သွားသည်။

"မင်း ဘယ်လိုများ လူတွေရှေ့မှာ ထျန်ရှုံးနဲ့အတူ စန္ဒရား တီးရဲရတာလဲ။ မင်းတို့ဆက်ဆံရေးကိုမသိတဲ့ တခြားသူတွေ မျက်ခုံးကြုပ်ကြမှာကိုတောင် မကြောက်တော့ဘူးလား။ "

"ငါ ဘယ်သူနဲ့ပဲ စန္ဒရားတီးတီးလေ မင်းနဲ့ ဘာဆိုင်လဲ။ ဒီစန္ဒရားကိုရော ထပ်ပြီးဖျက်ဆီးချင်သေးလို့လား။"

ထိုစကားကိုကြားတော့ သူ့အတွေးထဲပြန်မှတ်မိလာတဲ့ အကြောင်းတစ်ခုကြောင့် ကုယျန်ရှန်းငြိမ်သက်သွားသည်။

"ဘာ ...... ငါ မလုပ်ပါဘူး။"

"ကုယျန်ရှန်း မင်းဘာလုပ်နေတာလဲ။ သူ့လက်ကိုလွှတ်လိုက် ... မင်းသူ့ကို နာအောင်လုပ်နေတာပဲ။"

ထျန်ရှုံးက ရှေ့သို့ခြေလှမ်းတိုးလာပြီး ကုယျန်ရှန်းကို အဝေးသို့တွန်းထုတ်လိုက်ကာ ဖမ်းဆွဲခံလိုက်ရတဲ့ ဝမ်နျဲ့နျန်ရဲ့လက်ကို စိုးရိမ်စွာဖြင့် စိုက်ကြည့်နေသည်။

ထျန်ရှုံးတွန်းလိုက်တာကြောင့် တစ်ဖက်သို့ရောက်သွားတဲ့ ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာနေပုံနဲ့ ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်ကို ထျန်ရှုံးအား ကိုင်ခွင့်ပေးလိုက်တာကို ကြည့်ပြီး သေးငယ်သွားတဲ့ သူငယ်အိမ်နဲ့ ကုယျန်ရှန်းရဲ့ မျက်နှာက ထိန်းချုပ်နိုင်ခြင်း ကင်းမဲ့နေအောင် ပျက်ယွင်းသွားသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Donde viven las historias. Descúbrelo ahora