အခန်း(၅၄) ကုယျန်ရှန်း ... ငါ မင်းကို မုန်းတယ်

12.7K 1.6K 207
                                    

' ကုယျန်ရှန်း မင်း သတ္တိရှိရင် ငါ့ကို သတ်လိုက် ။ ငါကတော့ ချန်းလုံအန်းကို ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး။'

ဒီလိုပြောဖို့ သူဘယ်က သတ္တိတွေရသွားမှန်းမသိပေမယ့် ချန်းလုံအန်းကို တောင်းပန်ဖို့တော့ ဝမ်နျဲ့နန် ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။

"မင်းက သေမှာ မကြောက်ဘူးဆိုတော့ ငါ့မှာလည်း မင်းအတွက်နည်းလမ်းရှိတာပေါ့ ။ ဒါနဲ့ မင်းကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ငါ ကောင်းကောင်းသိတယ် သိလား။ "

ထူးဆန်းသည့်အပြုံးတစ်ခုက ကုယျန်ရှန်း၏ နှုတ်ခမ်းထောင့်နားလေးကနေ ထွက်ပေါ်လာပြီး သူက ချက်ချင်းပဲ ဝမ်နျဲ့နန်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ မြေအောက်ခန်းဆီကို ခေါ်သွားခဲ့သည်။

ဝမ်နျဲ့နန်က ကုယျန်ရှန်းကို ယှဉ်ပြီး အတင်းရုန်းကန်နေပေမယ့် နည်းနည်းလေးတောင်လွတ်မြောက်သွားခြင်းမရှိဘဲ ဆံပင် ဆွဲခံထားလျက်ပင် ဒရွတ်တိုက် ပါသွားခဲ့သည်။

သူ့ခြေလှမ်းတွေက ခွေယိုင်လဲမတတ်အားနည်းနေပြီး ဦးခေါင်းက ပိုပိုပြီး ကျိန်းစပ်လာပေမယ့် ကုယျန်ရှန်း ဆွဲခေါ်သွားတဲ့ နေရာကို သတိထားမိသွားတဲ့အခါ ဝမ်နျဲ့နန်ရဲ့ မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ ကုယျန်ရှန်းကို ပြန်မော့ကြည့်ပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကုယျန်ရှန်းလက်က လွတ်ဖို့ အတင်းအကန် ရုန်းထွက်တော့သည်။

" မင်း ဘာလုပ် မလို့လဲ ။ ငါ မသွားဘူး ငါ့ကို လွှတ် ၊ ဦးလေးရှီ .. အန်တီလန် ကျွန်တော့်ကို ကယ်ပါဦး ..."

ဝမ်နျဲ့နန်က လှေကားလက်ရန်းကို အတင်းဆုပ်ကိုင်ပြီး ကုယျန်ရှန်းကို တားဖို့ ကြိုးစားခဲ့သည်။ သို့ပေမယ့် ကုယျန်ရှန်းရဲ့ ထပ်ပြီး ဆွဲခေါ်သွားခြင်းကိုသာ သူ ခံလိုက်ရသည်။

ပိုပိုပြီး ဆိုးဝါးလာသည့် အခြေအနေကိုကြည့်ပြီး ဦးလေးရှီလည်း တုန်လှုပ်လာသလို ချက်ချင်းပဲ အိမ်အဟောင်းကို ဖုန်းခေါ်ဖို့ ပြင်လိုက်သည်။

"ဘယ်သူ့ကို ခေါ်ဖို့ လုပ်နေတာလဲ ။ အခု ချက်ချင်း ပြန်ချလိုက် "

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Dove le storie prendono vita. Scoprilo ora