အခန်း(၈၁) ကုယျန်ရှန်းက စိတ်မလုံမလဲဖြစ်နေတဲ့ တစ်ယောက်တည်းသောသူပဲ

11.2K 1.6K 397
                                    

အထက်တန်းကျောင်းတက်တုန်းက ကုယျန်ရှန်းက နေ့လည်ထမင်းစားနားချိန်တိုင်း စာကြည့်တိုက်သို့ သွားပြီး ပြတင်းပေါက်နားက ခုံတွင်ထိုင်ကာ စာအုပ်ဖတ်နေတတ်သည်။

တစ်နေ့ သူအမြဲထိုင်နေကျ စားပွဲမှာထိုင်ပြီး စာအုပ်မဖတ်ခင် တစ်စုံတစ်ယောက်က သူကိုကြည့်နေတာကို သတိထားမိလိုက်သည်။ သူလည်း ထိုသူကိုလှမ်းကြည့်လိုက်ရော တစ်ခြားမဟုတ်ပဲ ဝမ်နျဲ့နျန်ဖြစ်နေသည်။

ဝမ်နျဲ့နျန်ကိုတွေ့တဲ့အခါ ကုယျန်ရှန်းရဲ့ အမူအရာက စိတ်မချမ်းမြေ့သည့်အမူအရာအဖြစ်သို့ ပြောင်းလဲသွားပြီး သူက ဖတ်လက်စစာအုပ်ကို စင်ပေါ်မှာပြန်ထားကာ ထိုနေရာမှထွက်သွားခဲ့သည်။

စာကြည့်တိုက်မှထွက်လာပြီး လှေကားဆီရောက်တော့မှ သူနဲ့အတူပါလာတဲ့ နုတ်စာရွက်ကျန်နေခဲ့မှန်းသတိရသွားသည်။ သို့နှင့် ကုယျန်ရှန်းက စာကြည့်တိုက်ထဲသို့ တစ်ခါပြန်ဝင်သွားခဲ့သည်။ စာကြည့်တိုက်ထဲလည်း ရောက်ရော သူထိုင်ခဲ့တဲ့နေရာမှာ ဘေးပတ်ဝန်းကျင်ကိုတောင် မေ့နေသည့်အတိုင်း သူ့နုတ်စာရွက်ကိုပဲ အာရုံစိုက်ကာ ကြည့်နေသည့် ဝမ်နျဲ့နျန်အားတွေ့လိုက်ရသည်။

"မင်း ဘာလုပ်နေတာလဲ"

ကုယျန်ရှန်းရဲ့အသံကိုကြားတဲ့အခါ ဝမ်နျဲ့နျန်က ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ထိတ်လန့်သွားသဖြင့် သူ့လက်ထဲကနုတ်စာရွက်ကို စားပွဲပေါ်သို့ ပြန်ပစ်တင်လိုက်သည်။

"ငါ မထင်မှတ်ဘဲ စားပွဲပေါ်ကတွေ့တာပါ။ ပြီးတော့ မင်းကျန်ခဲ့တယ်ထင်ပြီး ကြည့်လိုက်မိတာ "

"ထွက်သွား ... ငါ့အနားမှာ မင်းကို ထပ်ပြီးမမြင်ရစေနဲ့ ။ စိတ်ပျက်ဖို့ ကောင်းတယ် "

ကုယျန်ရှန်းက အရှေ့သို့တိုးကာ စားပွဲပေါ်မှ နုတ်ကိုဆွဲယူလိုက်ပြီး အေးစက်ကာကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

စာကြည့်တိုက်ထဲတွင် စာဖတ်နေသည့် တစ်ခြားသောကျောင်းသားတွေလည်း အများကြီးရှိနေပြီး သူတို့အားလုံးလည်း ကုယျန်ရှန်း၏ အော်သံကိုကြားလိုက်သည်။ သိချင်စိတ်ထက် လှောင်ပြောင်လိုစိတ်ကပိုပြီး ပြင်းထန်နေသော ထိုကျောင်းသားများ၏ မျက်ဝန်းတွေကိုကြည့်ပြီးနောက် ဝမ်နျဲ့နျန်၏မျက်နှာက ဖြူဖျော့ကာ နာကျင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Onde histórias criam vida. Descubra agora