အခန်း(၃၆) မီးလင်းနေတဲ့ အခန်းငယ်လေး

10.2K 1.4K 40
                                    

မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘဲ မနက်အစောကြီး နိုးနေတာမို့ အန်တီလန် ချက်ပြုတ်နေတာကို ကူညီပေးဖို့ ဝမ်နျဲ့နန် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဝမ်နျဲ့နန် အောက်ထပ်သို့ဆင်းလာပြီး မကြာခင်မှာဘဲ ကုယျန်ရှန်းနဲ့ ချန်းလုံအန်းလည်း အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ကုယျန်ရှန်းက ထမင်းစားပွဲမှာ မနက်စာစားနေတဲ့ ဝမ်နျဲ့နန်ကို လှမ်းကြည့်လိုက်သည်။ ဝေခွဲမရဖြစ်နေသည့် အမေးတစ်ချို့နှင့် စိတ်တိုင်းမကျနေတဲ့ ခံစားချက်တွေက မျက်ဝန်းအိမ်မှာအပြည့်ဖြစ်နေသည်။

မနေ့ညက ကုယျန်ရှန်းက ချန်းလုံအန်းနဲ့မအိပ်ဘဲ စာကြည့်ခန်းထဲမှာ သွားအိပ်ခဲ့သည်။ ဝိုင်လည်း သောက်ထားတာဖြစ်တဲ့အတွက် အနည်းငယ်မူးဝေနေသည့် ခံစားချက်တို့ သက်သာအောင် ရေအေးအေးနဲ့ ရေးချိုးလိုက်သေးသည်။ ကုယျန်ရှန်း ရေးချိုးပြီးစာကြည့်ခန်းထဲပြန်လာတော့ ဝမ်နျဲ့နန်ရှိနေသည့် ဧည့်သည်အခန်းရှေ့ကနေ ဖြတ်သွားရပြီး တံခါးကြားကနေ မြင်လိုက်ရသည့်မီးအလင်းရောင်ကြောင့် သူ အခန်းရှေ့မှာ တစ်ချက်ရပ်ကြည့်လိုက်သည်။

'အခန်းထဲက ဝမ်နျဲ့နန်က မအိပ်သေးလို့လား။ ဒါမှမဟုတ် သူ အမှောင်ကိုကြောက်လို့ တစ်ညလုံးမီးဖွင့်ထားတာလား။'

ကုယျန်ရှန်းက ဝမ်နျဲ့နန်ကို ကြည့်နေတာမြင်တော့ ဘေးမှာရပ်နေတဲ့ ချန်းလုံအန်းရဲ့ မျက်နှာက မလိုမကျဖြစ်လာပြီး သူ့မျက်ဝန်းထဲမှာလည်း မနာလိုမှုတို့ ထင်ဟပ်လာသည်။

"ယျန်ရှန်း ငါ မနေ့ညက အိပ်တာနောက်ကျတော့ အိပ်ရေးမဝဘူး ဖြစ်နေတယ်။ အဲ့တာ ကုမ္ပဏီကို လိုက်ပြီး နားနေခန်းမှာ ထပ်အိပ်ချင်တယ်"

ချန်းလုံအန်းက ကုယျန်ရှန်းရဲ့ လက်ကို တမင်တကာဆွဲလှုပ်ကာ ပြောလိုက်သည်။

ကုယျန်ရှန်းက ချန်းလုံအန်းပြောလိုက်တာကို သေချာမကြားလိုက်တဲ့အပြင် သူ့စိတ်ထဲမှာ 'ချန်းလုံအန်း မနေ့က ဝိုင်သောက်တာများပြီး နောက်ကျမှ အိမ်ပြန်လာရတော့ အိပ်ယာဝင်နောက်ကျပြီး ကောင်းကောင်းမအိပ်ရဘူး ' လို့ ပြောတယ် ထင်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now